-
တပ်မတော်အစိုးရသည် ၁၉၈၈ ခုနှစ်တွင်
နိုင်ငံတော်၌ဖြစ်ပေါ်ခဲ့သော ဆူပူအကြမ်းဖက် အုံကြွမှုများကြောင့်
နိုင်ငံတော်၏တာဝန်ကို မလွှဲမရှောင်သာ ရယူခဲ့ရပါသည်။
-
ထိုအချိန်မှစ၍ ပျက်ပြားသွားသော
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ရရှိအောင်
ရပ်ရွာအေးချမ်းသာ ယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို
ဆောင်ရွက်ခဲ့သည့်နည်းတူ ပြည်သူများအနေဖြင့်
ပရိယေသန၀မ်းစာရှာဖွေမှုကို လွတ်လပ်အေးချမ်းစွာ
လုပ်ကိုင်နိုင်ရန်လည်း ဆောင်ရွက်ပေးခဲ့ပါသည်။
-
နိုင်ငံတော်နှင့် နိုင်ငံသားတို့၏
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ရန်အတွက်
စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကိုရှေးရှုပြီး ဆည်မြောင်းတာတမံ၊
မြစ်ရေတင်စီမံကိန်း၊ မြေအောက်ရေရရှိရေးစီမံကိန်းများကို အစု
အဖွဲ့အလိုက် တည်ဆောက်ပေးခြင်း၊ တစ်မျိုးသားလုံးအတွက် စားရေရိက္ခာ
ဖူလုံစိတ်ချရစေရန် ဘက်ပေါင်းစုံမှဆောင် ရွက်ပေးခြင်း၊ လက်မှုလယ်ယာမှ
စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်စေရန်
စီမံဖော်ဆောင်ခြင်းတို့ကို အားကြိုးမာန် တက် ဆောင်ရွက်ပေးခဲ့ပါသည်။
-
ထို့အပြင် စိုက်ပျိုးရေးနိုင်ငံမှ စက်မှုနိုင်ငံအဖြစ်သို့
တက်လှမ်းနိုင်ရေးအတွက် နိုင်ငံတော်ပိုင်းမှ စက်မှုလုပ်ငန်း ကြီးများ
တည်ထောင်ဆောင်ရွက်ပြီး ပုဂ္ဂလိကပိုင်း
စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်လည်း စက်မှုဇုန်များထူထောင်၍
အားပေးခဲ့ပါသည်။
-
နိုင်ငံတော်တွင် ပြည်သူတို့၏ဆန္ဒနှင့်အညီ
ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်ရန်အတွက် ပြည်တွင်း ပြည်ပ
ကူးသန်းရောင်းဝယ်မှုများ ဖွံ့ဖြိုးတိုးတက်စေရန် ပြည်သူတို့နှင့်
လက်တွဲဆောင်ရွက်ပေးခဲ့ပါသည်။
-
နိုင်ငံတော်အတွင်း ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက်
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး
တိုးတက်ရေးလုပ်ငန်းများကို စီမံကိန်းဖြင့်
ဆောင်ရွက်ပေးခဲ့သည့်နည်းတူ တိုင်းရင်းသားများအချင်းချင်း
ချစ်ကြည်ရင်း နှီးစွာ ကူးလူးဆက်သွယ် သွားလာနိုင်ရေးအတွက်
ရေခြားမြေခြား အဟန့်အတားများကိုဖယ်ရှားပြီး လမ်းပန်းဆက် သွယ်ရေး
ကောင်းမွန်စေရန် တည်ဆောက်ပေးခဲ့ပါသည်။
-
နိုင်ငံတော်အတွင် လူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတွင်
ကွာဟမှုနည်းနိုင်သမျှ နည်းစေရန်အတွက် အထူး ဒေသကြီး (၂၄)ခုသတ်မှတ်၍
တက္ကသိုလ်များ၊ ကျောင်းများကို ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့အတူ
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးအတွက် အထူးကုဆေးရုံကြီးများ၊
ဆေးရုံများနှင့် ကျေးလက်ဆေးရုံများကို တိုးချဲ့မြှင့်တင်ပေး ခြင်း၊
အသစ်တည်ဆောက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။
-
ဤကဲ့သို့ နိုင်ငံတော်နှင့်တိုင်းရင်းသားတို့အတွက်
အခြေခံကောင်းများ ဖြစ်ပေါ်တိုးတက်လာစေရန် ကြိုးပမ်း
ဆောင်ရွက်ခဲ့ရာတွင် ယခုအခါ ပြီးပြည့်စုံခြင်းမရှိသေးသော်လည်း
အခြေခံလိုအပ်သည့် တည်ဆောက်မှုများကိုမူ
ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။
-
ထိုသို့ အခြေခံကောင်းများကို
တည်ဆောက်ပေးခဲ့ပြီးဖြစ်သည့်အတွက် နိုင်ငံတော်တွင် တပ်မတော်မှ တာဝန်
ယူအုပ်ချုပ်ခြင်းကို ဒီမိုကရေစီပြည်သူ့အုပ်ချုပ်ရေးစနစ်ဖြင့်
ပြောင်းလဲရန်သင့်တော်ပြီဖြစ်၍ ဖြစ်ပေါ်လာမည့် ဖွဲ့စည်းပုံ
အခြေခံဥပဒေသစ်နှင့်အညီ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို
၂၀၁၀ ခုနှစ်တွင် ကျင်းပပေးတော့မည်ဖြစ် ကြောင်း ကြေညာအပ်ပါသည်။