MyanmarForum
 

မူလစာမျက်နှာ

သတင်းကဏ္ဍ

ဆောင်းပါးကဏ္ဍ

သတင်းထုတ်ပြန်ချက်များ

 အခြားအဖွဲ့များ၏သဘောထား  

ဓာတ်ပုံကဏ္ဍ

အခြားဝက်ဆိုက်များ

သတင်းဘလော့ဂ်များ

 
 

၂၀၀၈ ခုနှစ်၊ မေ၊ ၂ ရက်၊ အင်္ဂါနေ့

 

 

 

ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ ၄၇ မြို့နယ် ဆန္ဒမဲပေးသူဦးရေ၏ ၉၂.၉၃ ရာခိုင်နှုန်း ထောက်ခံဆန္ဒမဲပေး

ပြည်ထောင်စုမြန်မာနိုင်ငံတော် - ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်၏ ကြေညာချက်အမှတ် (၁၁/၂၀၀၈) ကို ၂၀၀၈ ခုနှစ် မေ ၂၆ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါကြေညာချက်အပြည့်အစုံမှာ အောက်ပါ အတိုင်း ဖြစ်သည် -

ပြည်ထောင်စုမြန်မာနိုင်ငံတော်

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင်

(ကြေညာချက်အမှတ် ၁၁/၂၀၀၈)

၁၃၇၀ ပြည့်နှစ်၊ ကဆုန်လပြည့်ကျော် (၇) ရက်

(၂၀၀၈ ခုနှစ်၊ မေလ ၂၆ ရက်)

ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်ပေါင်း (၄၇) မြို့နယ်တို့အတွက် ကျင်းပခဲ့သည့်

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲရလဒ်ကြေညာခြင်း

၁။         ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို နိုင်ငံတော်တစ်ဝန်းလုံးတွင် မြို့နယ်ပေါင်း (၃၂၅) မြို့နယ်ရှိသည့်အနက် (၂၇၈) မြို့နယ်တို့၌ ၂၀၀၈ ခုနှစ်၊ မေလ (၁၀) ရက်နေ့က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ရာ ထိုကျင်းပ ပြီးစီးခဲ့သည့်ဆန္ဒခံယူပွဲ၏ ရလဒ်အား ဤကော်မရှင်၏ ၂၀၀၈ ခုနှစ်၊ မေလ (၁၅) ရက်စွဲပါကြေညာချက်အမှတ် (၁၀/၂၀၀၈) ဖြင့် ထုတ်ပြန်ကြေညာ ခဲ့ပြီးဖြစ်ပါသည်။

၂။         ဤကော်မရှင်၏ ၂၀၀၈ ခုနှစ် မေလ (၆) ရက်စွဲပါ ကြေညာချက်အမှတ် (၈/၂၀၀၈) ဖြင့် ထုတ်ပြန်ကြေညာ ထားသည့်အတိုင်း ပြင်းထန်သည့် “နာဂစ်” မုန်တိုင်းဒဏ်ခံခဲ့ရသော ရန်ကုန်တိုင်းမှ မြို့နယ်ပေါင်း (၄၀) နှင့် ဧရာဝတီတိုင်းမှ (၇) မြို့နယ်တို့အတွက် ကျင်းပရန်ရှိသည့် ဆန္ဒခံယူပွဲကို ၂၀၀၈ ခုနှစ်၊ မေလ (၂၄) ရက်နေ့တွင် ဆက်လက်ကျင်းပခဲ့ရာ ထိုဆန္ဒခံယူပွဲ၏ရလဒ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

            (က)      အသက်(၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးခွင့်ရျှသူဦးရေ          ၄၅၈၀၃၉၃ ဦး

            (ခ)        ဆန္ဒမဲပေးသူဦးရေ                                                 ၄၂၈၀၀၁၅ ဦး (၉၃.၄၄ ရာခိုင်နှုန်း)

            (ဂ)        ထောက်ခံဆန္ဒမဲပေးသည့်ဦးရေ                                 ၃၉၇၇၅၂၈ ဦး၊ (၉၂.၉၃ ရာခိုင်နှုန်း)

            (ဃ)      ကန့်ကွက်ဆန္ဒမဲပေးသည့်ဦးရေ                                 ၂၅၆၂၃၂ ဦး၊ (၅.၉၉ ရာခိုင်နှုန်း)

            (င)        ပယ်မဲ                                                                 ၄၆၂၅၅ ဦး၊ (၁.၀၈ ရာခိုင်နှုန်း)

၃။         သို့ပါ၍ ဆန္ဒမဲပေးသည့်မဲဆန္ဒရှင် (၄၂၈၀၀၁၅) ဦးအနက် (၃၉၇၇၅၂၈) ဦးတို့က ထောက်ခံဆန္ဒမဲပေးသည့် အတွက် ထောက်ခံသည့်ရာခိုင်နှုန်းမှာ (၉၂.၉၃) ရာခိုင်နှုန်းဖြစ်ကြောင်း ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ (၄၇) မြို့နယ်အတွက် ကျင်းပပြီးစီးခဲ့သည့် ဆန္ဒခံယူပွဲ၏ရလဒ်အား ကြေညာ အပ်ပါသည်။

        (အောင်တိုး)
                     ဥက္ကဋ္ဌ
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင်

မြန်မာ့အလင်း(၂၇-၅-၂၀၀၈)

 
     
     
     
New Page 1

For the best online experience, view this site at 1024 X 768 screen size.
Copyright by myanmarforum.net