|
ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်
ဖွံ့ဖြိုးရေးကောင်စီ
ကြေညာချက်အမှတ် (၇/၂၀၀၈)
၁၃၇၀ ပြည့်နှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်
(၂၀၀၈ ခုနှစ်၊ မေလ ၂၉ ရက်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းလိုက်ကြောင်း ကြေညာခြင်း
၁။ ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ
ကျင်းပရေးကော်မရှင်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်း အတည်ပြုရေးနှင့် စပ်လျဉ်း၍
ပြည်သူတို့၏ သဘောထားတောင်းခံသည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများကို
၂၀၀၈ ခုနှစ်၊ မေလ (၁၀)ရက်နှင့် (၂၄)ရက်နေ့တို့တွင်
အောင်မြင်စွာကျင်းပပြီးစီးကြောင်းနှင့်
ပြည်ထောင်စုမြန်မာနိုင်ငံတော် တစ်ဝန်းလုံးမှ ဆန္ဒမဲပေးခွင့်ရှိသူ
(၂၇၂၈၈၂၇)ဦးအနက် (၉၈.၁၂)ရာခိုင်နှုန်းက ဆန္ဒမဲပေးခဲ့ကြပြီး ယင်းသို့
ဆန္ဒမဲပေးသူများအနက် (၉၂.၄၈)ရာခိုင်နှုန်း က
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို အတည်ပြုရန်နှင့် ထောက်ခံကြောင်း
အစီရင်ခံထားပါသည်။
၂။ ထို့ကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးက
အတည်ပြုပြဋ္ဌာန်းလိုက်ကြောင်း ကြေညာပါသည်။
(ပုံ) သန်းရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
မြန်မာ့အလင်း(၃၀-၅-၂၀၀၈) |