|
၂၀၀၈ ခုနှစ်
ဇူလိုင်လ ပထမ (၁၀) ရက်ပတ်အတွက် မိုးလေ၀သနှင့် ဇလဗေဒ ခန့်မှန်းချက်
ဘင်္ဂလားပင်လယ်အော် အခြေအနေ
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်း ရပ်ဝန်းတစ်ကြိမ်
ဖြစ်ပေါ်နိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်
တို့တွင် မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းနိုင်ပါသည်။
မိုးအခြေအနေ
ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့်
တနင်္သာရီတိုင်းတို့တွင် ရွာသွန်းမြဲထက်ပိုပြီး
ကျန်ပြည်နယ်နှင့်တိုင်းတို့တွင် ရွာသွန်းမြဲထက်ခန့် ရွာနိုင်ပါသည်။
မြစ်ရေအခြေအနေ
ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့နှင့်
ကသာမြို့တို့တွင် (၁၈၀) စင်တီမီတာ (၆ ပေခန့်)၊ မန္တလေးမြို့၊
စစ်ကိုင်းမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊
မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့နှင့် ဟင်္သာတမြို့တို့တွင်
(၁၂၀) စင်တီမီတာ (၄ ပေခန့်) လက်ရှိ ရေမှတ်များ၏
အထက်မြင့်တက်လာနိုင်ပါသည်။ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့နှင့်
ဟုမ္မလင်းမြို့တို့တွင် (၂၁၀) စင်တီမီတာ (၇ ပေခန့်)၊
မော်လိုက်မြို့၊ ကလေးဝမြို့နှင့် မုံရွာမြို့တို့တွင် (၁၅၀)
စင်တီမီတာ (၅ ပေခန့်) လက်ရှိရေမှတ်များ၏ အထက်
မြင့်တက်လာနိုင်ပါသည်။
မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန
MF-4 |