မြန်မာဖိုရမ်၊ ဇူလိုင်လ
၎
ရက် ၂၀၀၈ ခုနှစ်။
ရန်ကုန်-မန္တလေးလမ်းမကြီးရှိ ကေတုမတီမြို့သစ်တွင် ဓာတ်ဆီအစားထိုး
ဇီဝအီသနောဆီကို စတင်ဖြန့်ဖြူးရောင်းချနေပြီဖြစ်ကြောင်း
၎င်းဇီဝအီသနောဆီ အရောင်းဆိုင်၏ ပြောကြားချက်အရ သိရသည်။ အဆိုပါဆိုင်မှာ
ပုဂ္ဂိလိကပိုင် ကုမ္ပဏီအရောင်းဆိုင်တစ်ခုဖြစ်ပြီး ဇီဝအီသနောဆီ
တစ်ဂါလံလျှင် ငွေကျပ် ၃၆၀၀ နှုန်းဖြင့် ယခုလ ၃ ရက်နေ့မှ
စတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဇီဝအီသနောဆီ
E-99
ကို ကြံ၊ နှံစားပြောင်းချိုတို့မှ ထုတ်လုပ်ထားပြီး ဘိုင်အိုအီသနော
၉၉ ရာခိုင်နှုန်းနှင့် ဓာတ်ဆီ တစ်ရာခိုင်နှုန်းပါဝင်သည်။ ၎င်းဆီကို မေလ
၂ ရက်နေ့ တောင်ငူမြို့တွင် သက်ဆိုင်ရာလူကြီးများ ရှေ့မှောက်၌
စမ်းသပ်စစ်ဆေးခဲ့ပြီး ယာဉ်နှင့် စက်ကိရိယာများတွင် အသုံးပြုရန်
သင့်လျော်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထောက်ခံချက်ရရှိထားပြီးလည်း
ဖြစ်သည်။ မကြာမီအချိန်တွင် ဇီဝအီသနောဆီ ထုတ်လုပ်သည့် စက်ရုံကိုပါ
တည်ဆောက်ပြီး တစ်ရက်လျှင် ဆီဂါလံပေါင်း ၃၀၀ ကျော် ထုတ်လုပ်ရန်
လျာထားချက်ရှိကြောင်း အဆိုပါအရောင်းဆိုင်မှ တာဝန်ရှိသူက
ပြောကြားသည်။
ဇီဝအီသနောလောင်စာဆီကဲ့သို့ အစားထိုး စွမ်းအင်စက်သုံးဆီများ
ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်မည်ဆိုပါက လေထုညစ်ညမ်းမှုကို
ကာကွယ်ပြီး ကမ္ဘာကြီးပူနွေးလာမှုကို တားဆီးနိုင်မည့်အပြင်
စွမ်းအင်ရှားပါးမှု ပြဿနာကိုလည်း ရင်ဆိုင်နိုင်ရန် အသင့်ဖြစ်နေပြီ
ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောကြားသည်။
MF-4