MyanmarForum
 

မူလစာမျက်နှာ

သတင်းကဏ္ဍ

ဆောင်းပါးကဏ္ဍ

သတင်းထုတ်ပြန်ချက်များ

 အခြားအဖွဲ့များ၏သဘောထား  

ဓာတ်ပုံကဏ္ဍ

အခြားဝက်ဆိုက်များ

သတင်းဘလော့ဂ်များ

 
 

၂၀၀၈ ခုနှစ်၊ ဇူလိုင်လ၊ ၄ ရက်၊ သောကြာနေ့

 

 

 

ပညာရေးပတ်စ်ပို့ အချိန်တိုအတွင်း ဆောင်ရွက်ပေး
 

မြန်မာဖိုရမ်၊  ဇူလိုင်လ ရက် ၂၀၀၈ ခုနှစ်။

ပြည်ပနိုင်ငံရှိ တက္ကသိုလ်များသို့ ကျောင်းသွားတက်လိုသူများ၊ ပတ်စ်ပို့သက်တမ်း တိုးရာတွင်ဖြစ်စေ၊ လာရောက်လျှောက်ထားသူများကို အချိန်တိုအတွင်း ဆောင်ရွက်ပေးနေကြောင်း၊  “ လိုအပ်တဲ့အထောက်အထား သာတင်ပြပါ၊ ကျွန်တော်တို့ အချိန်တိုအတွင်း ဆောင်ရွက်ပေးပါတယ်။ အပိုငွေကြေးလုံးဝ ပေးစရာမလိုပါဘူး။ အထူးသဖြင့် သက်ဆိုင်ရာနိုင်ငံ တက္ကသိုလ်တစ်ခုခုက ကျောင်းတက်ဖို့ခေါ်တဲ့ စာအစစ်အမှန်ဖြစ်ဖို့တော့ လိုပါ တယ် ” ဟု ပန်းဆိုးတန်းလမ်းရှိ မြန်မာနိုင်ငံ ကူးလက်မှတ်ထုတ်ပေးရေးရုံးမှ တာဝန်ကျအရာရှိတစ်ဦးက ပြောပြ  သည်။

 အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ကိုယ်တိုင်ပတ်စ်ပို့သက်တမ်း သွားရောက်လုပ်ကိုင်ခဲ့သူ ကျောင်းသူတစ်ဦးကို မေးမြန်းကြည့်ရာ သူက “ သမီးက ပတ်စ်ပို့ရှိပြီးသား။ သက်တမ်းက ကုန်နေပြီ၊ ကျောင်းသွားတက်ဖို့ လျှောက်ထားတာ ကျောင်းကခေါ်စာရတယ်။ ကျောင်းတက်ရမယ့်အချိန်ကလည်း ကပ်နေတယ်။ အဲဒါတကယ် တမ်း ပတ်စ်ပို့သက်တမ်းတိုးသွားလုပ်ရင် ပုံမှန်အတိုင်းဆို တစ်လကျော်လောက် ကြာမယ်လို့သိရတယ်။ အမြန်ဆို ရင် ငွေ ၂ သိန်းခွဲလောက်ကုန်မယ်ဆိုပြီး ပွဲစားတွေပြောကြတာလည်း ကြားရတယ်။ ဒါပေမယ့် သမီးကမယုံပါဘူး။ အဲဒါနဲ့ ပတ်စ်ပို့ရုံးမှာ သွားစုံစမ်းတယ်။ တာဝန်ရှိသူတွေက သမီးရဲ့ကျောင်းခေါ်စာကိုကြည့်တယ်။ အစစ်မှန်းသိသွားတယ်။ သမီးလည်းတကယ်ပဲ ကျောင်းသွားတက်မယ် သိသွားတော့ လုပ်ပါ ဆိုပြီးပြောတယ်၊ ဒီတော့ ကျောင်းသွားတက်မယ်ဆိုပြီး ပတ်စ်ပို့သက်တမ်းတိုး လျှောက်လိုက်တယ်၊ အဲဒါ ၅ ရက်အတွင်း ပတ်စ်ပို့သက်တမ်းတိုးပြီးသား စာအုပ်ပြန်ထွက်လာတယ်။ ဘယ်မှာမှအပိုကြေးငွေ မပေးခဲ့ရဘူး။ ကျောင်းသွားတက်ဖို့လည်း မှီသွားတယ် ” ဟု ပြောပြခဲ့သည်။

လောလောဆယ် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် ပတ်စ်ပို့အသစ် လျောက်ထားသူများသည် ပုံမှန်အားဖြင့် တစ်လကျော်ကျော် ခန့်အကြာတွင် ရရှိလေ့ရှိပါသည်။ သက်တမ်းကုန်ဆုံး၍ သက်တမ်းတိုး လျှောက်သူများသည်လည်း အသစ်လျှောက်ထားသူများ လုပ်ကိုင်ရသော ပုံစံ အတိုင်း ဓာတ်ပုံရိုက်ကူးသည်ကအစ ပြန်လည်လုပ်ကိုင်ရတဲ့အပြင် ယခင်ပတ်စ်ပို့သက်တမ်းကာလအတွင်း အခွန်ဆောင်ရန်မရှိကြောင်း စစ်ဆေးခံ ရပါသည်။

အကယ်၍ နိုင်ငံခြားကိုသွားရောက်ခဲ့ဖူးသူဖြစ်ပါက သွားရောက်ခဲ့ဖူးသောနိုင်ငံ၊ အကြောင်းအရာ၊ ထွက်ခွာ နေ့ရက်၊ ၀င်ရောက်နေ့ရက်၊ ကြာချိန် စသည်တို့ကိုစာရင်းပြုစုတင်ပြရပါသည်။ ပြည့်စုံပြီးလျှောက်ထားပါ ကပတ်စ်ပို့အသစ် လျှောက်ထားသူများနည်းတူ တစ်လကျော်ကျော်ခန့်အကြာမှ လက်ခံရရှိပါသည်။

 အခုနောက်ပိုင်း ပတ်စ်ပို့လျှောက်ထားသူများ၊ သက်တမ်းတိုးသူများ သတိပြုရန်မှာ အသက် ၁၈နှစ်ပြည့်ပြီးသားများအနေဖြင့်၊ ၁၀နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကဒ်ကိုသာ ကိုင်ဆောင်ထားသူဖြစ်ပါက သက်ဆိုင်ရာမြို့နယ် လ၀ကရုံးများတွင် ၁၈နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကဒ် လျှောက်ထားပြီးသူဖြစ်ကြောင်း ထောက်ခံစာကိုပါ ပူးတွဲတင်ပြရပါမည်။ လျှောက်ထားသူမှာ အလုပ်သမားဖြစ်ပါက အဆိုပါ အလုပ်ရှင်၏တိကျသော ထောက်ခံစာကိုပါ ပူးတွဲတင်ပြရမည်။

ဓာတ်ပုံရိုက်ကူးခြင်း၊ စာရွက်စာတမ်းစစ်ဆေးခြင်း၊ စလစ်ထုတ်ယူခွင့်တန်းစီခြင်း၊ ထုတ်ယူခြင်း၊ ပတ်စ်ပို့ စာအုပ်ထုတ်ယူခြင်း စသော အဆင့် အားလုံးအတွက် ကာယကံရှင်ကိုယ်တိုင် လာရောက်ရန်လိုအပ်ကြောင်း အဆိုပါရုံးမှတာဝန်ရှိသူများက ပြောပြကြသည်။

Group - 1

 
     
     
     
New Page 1

For the best online experience, view this site at 1024 X 768 screen size.
Copyright by myanmarforum.net