|
နီးစပ်ရာမြို့နယ်များတွင် အခွန်ဆောင်နိုင်
မြန်မာဖိုရမ်၊ ဇူလိုင်လ
၎
ရက် ၂၀၀၈ ခုနှစ်။
နိုင်ငံခြားတွင် ၃လအထက်နေထိုင်ခဲ့ပြီး၊
သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးတွင် အခွန်မဆောင်ခဲ့သူများ၊
အခွန်ဆောင်ရန်မလိုကြောင်း ထောက်ခံစာ မယူခဲ့သူများ၊
ပတ်ပို့စ်သက်တန်းတိုး ဆောင်ရွက်ရာတွင် အခွန်ဆောင်ရန်အတွက်
မိမိအိမ်ထောင်စုစာရင်းရှိရာ မြို့နယ်နှင့် အခြားနီးစပ်ရာမြို့နယ်
အခွန် ဦးစီးမှူးရုံးများတွင်လည်း ပေးဆောင်နိုင်ပြီဖြစ်ကြောင်း
မြို့နယ်အခွန်ဦးစီးမှူးတစ်ဦးကပြောသည်။
၎င်းက “ အရင်ကဆိုရင် ကိုယ့်ပုံစံ ၁၀ ရှိတဲ့
မြို့နယ်အခွန်ဦးစီးမှူးရုံးမှာပဲ ဆောင်ရတယ်။ အခုတော့
နီးစပ်ရာမြို့နယ်တွေမှာပါ အခွန် ဆောင်ခွင့်ပြုထားတယ် ”
ဟုပြောပြသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ယခုရန်ကုန်မြို့တွင်
နေထိုင်ပြီး နယ်မြို့၏အိမ်ထောင်စုစာရင်းပုံစံရှိသူတစ်ဦးက
“ကျွန်တော်က မြစ်ကြီးနားမှာ အိမ်ထောင်စုစာရင်းရှိတယ်။ ပထမတစ်ခေါက်
ကျွန်တော်ပတ်စ်ပို့ သက်တမ်းတိုဖို့ အခွန်ကိစ္စလုပ်တုန်းက
မြစ်ကြီးနား ပြည်တွင်းအခွန်ဦးစီးမှူးရုံးကို သွားရတယ်။
အဲဒီကမှတဆင့် ရန်ကုန်နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ နောက်မြစ်ကြီးနား
မြန်မာ့စီးပွားရေးဘဏ်၊ နောက်ဆုံးမှ မြစ်ကြီးနားမြို့နယ်
အခွန်ဦးစီးမှူးရုံးက အခွန်ဆောင်ပြီးကြောင်း လက်မှတ်ထွက်လာတယ်။
အတော်လေးကို သွားရလာရပင်ပန်းခဲ့တယ်။ ခုတော့ မြစ်ကြီးနားကိုသွားစရာ
မလိုတော့ဘူး။
ရန်ကုန်က မြို့နယ်အခွန်ဦးစီးမှူးရုံး၊
နိုင်ငံခြားကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့စီးပွားရေးဘဏ်တွေကို
လှည့်ပတ်သွားလိုက်ရုံနဲ့ အဆင်မပြေသွားပြီ။ ” ဟု ပြောသည်။
မြန်မာနိုင်ငံမှ နိုင်ငံခြားတိုင်းပြည်တစ်ခုခုကို ထွက်ခွာပြီး
၃လကျော်ကြာနေထိုင်ခဲ့ သူများသည် သက်ဆိုင်ရာနိုင်ငံ
မြန်မာသံရုံးတွေမှာ အခွန်ဆောင်လာရန် လိုအပ်ပါသည်။ ထိုသို့မဟုတ်ပါက
ကျောင်းတက်နေကြောင်း၊ အခြားကိစ္စ တစ်ခုခုရှိကြောင်း၊ ထို့ကြောင့်
အခွန်ပေးဆောင်ရန် မလိုကြောင်းကို သက်ဆိုင်ရာ မြန်မာသံရုံး၏
ထောက်ခံစာယူဆောင်လာရန် လိုအပ်ပါသည်။
Group - 1 |