|
မြ၀တီရုပ်သံလိုင်းသစ်နှစ်လိုင်းကို ဇူလိုင်လဆန်းမှစ၍ ပုံမှန်ထုတ်လွှင့်မည်
မြန်မာဖိုရမ်၊ ဇူလိုင်လ
၎
ရက် ၂၀၀၈ ခုနှစ်။
မြ၀တီရုပ်မြင်သံကြားမှ ထပ်မံတိုးချဲ့ထုတ်လွှင့်မည့်
ရုပ်သံလိုင်းသစ်နှစ်ခုအား ဇူလိုင်လဆန်းမှစ၍
ပုံမှန်ပြသမည်ဖြစ်ကြောင်း ရုပ်သံထုတ်လွှင့်မှု အပိုင်းမှ
တာဝန်ရှိသူတစ်ဦး ပြောကြားခဲ့သည်။
မြ၀တီရုပ်သံလွှင့်ဌာနသည် ယခင်ထုတ်လွှင့်လျက်ရှိသော
Analog
စနစ်မှ ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲကာ လိုင်းသစ်နှစ်လိုင်း
ထပ်မံတိုးချဲ့ပြီး ဒီဇင်ဘာလဆန်းမှ စမ်းသပ်ထုတ်လွှင့်ခဲ့သည်။
ထိုရုပ်သံလိုင်း သစ်နှစ်ခုတွင် စာပေ၊ ဂီတ၊ ရုပ်ရှင်စသော
အနုပညာနှင့်ပတ်သက်သည့် အကြောင်း အရာများနှင့် အခြားဗဟု
သုတတိုးပွားစေသည့် အကြောင်းအရာများပါဝင်သည်။ နေ့စဉ်နံနက် ၇ နာရီမှ
ည ၁၁ နာရီအထိ စမ်းသပ်ထုတ်လွှင့် ပေးလျက်ခဲ့ပြီးး ထိုအစီအစဉ်များကို
တစ်နေ့လျှင်သုံးကြိမ်နှုန်းဖြင့် ပြန်လည်ထုတ်လွှင့်ပေးခဲ့ကြောင်း
သိရသည်။ ထို့ပြင် စမ်းသပ်ကာလ ခြောက်လ အတွင်း အစီအစဉ်သစ်များ
ထပ်မံတိုးချဲ့လာနိုင်ခြင်းကြောင့် အချို့သောအစီအစဉ်များကို
တစ်နေ့လျှင်တစ်ကြိမ်သာ ထုတ်လွှင့်လာနိုင်သည်အထိ တိုးတက်လာခဲ့ကြောင်း
သိရှိ ရသည်။ တစ်နေ့တာ ဗေဒင်ဟောစာတမ်းများကို
ထည့်သွင်းထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
လိုင်းသစ်နှစ်လိုင်း၏ ပုံမှန်ထုတ်လွှင့်မှုကို ဇူလိုင်လဆန်းတွင်
စတင်မည်ဖြစ်ပြီး ရန်ကုန်မြို့တွင် နီပန်ကုမ္ပဏီမှ ထုတ်လုပ်သည့်
အင်တာနာကို အသုံးပြု၍ ဖမ်းယူနိုင်မည်ဖြစ်ပြီး နေပြည်တော်
ပျဉ်းမနားတွင်
Free to
Air
ဖြင့် ဖမ်းယူကြည့်ရှု့နိုင်မည်ဖြစ်ကြောင်းသိရှိရသည်။
Group - 1 |