MyanmarForum
 

မူလစာမျက်နှာ

သတင်းကဏ္ဍ

ဆောင်းပါးကဏ္ဍ

သတင်းထုတ်ပြန်ချက်များ

 အခြားအဖွဲ့များ၏သဘောထား  

ဓာတ်ပုံကဏ္ဍ

အခြားဝက်ဆိုက်များ

သတင်းဘလော့ဂ်များ

 
 

၂၀၀၈ ခုနှစ်၊ ဇူလိုင်လ၊ ၄ ရက်၊ သောကြာနေ့

 

 

 

မြန်မာဘာသာဖြင့်ရေးသားထားသော Myanmar Wikipedia ၀က်ဘ်ဆိုက် စတင်သုံးစွဲနိုင်
 

မြန်မာဖိုရမ်၊  ဇူလိုင်လ ရက် ၂၀၀၈ ခုနှစ်။

ပြည်တွင်းပြည်ပရှိ မြန်မာကွန်ပျူတာပညာရှင်များ၏ ကြိုးပမ်းမှုကြောင့်  မြန်မာဘာသာဖြင့် ရေးသားထားသော အွန်လိုင်းစွယ်စုံကျမ်း Myanmar Wikipedia ကို စတင်သုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

ထို Myanmar Wikipedia ၀က်ဘ်ဆိုက်လိပ်စာမှာ www.my.wikipedia.org ဖြစ်ပြီး မည်သူမဆို လွတ်လပ်စွာဝင်ရောက်ဖြည့်စွက် သုံးစွဲနိုင်ပြီဖြစ်သည်။

Myanmar Wikipedia ၀က်ဘ်ဆိုက်ကို စတင်သုံးစွဲနိုင်သော်လည်း ထိုဝက်ဘ်ဆိုက်တွင် ထည့်သွင်းထားသည့်စာသားများမှာ အလွန်နည်း နေသေးသောကြောင့် ပိုမိုပြီးပြည့်စုံသော အခမဲ့လွတ်လပ်စွယ်စုံကျမ်း တစ်စောင်ဖြစ်လာစေရန်အတွက် စိတ်ဝင်စားသူများမှလည်း ၀င်ရောက်ရေးသား နိုင်ရန် ဖိတ်ခေါ်ထားသည်။

အဆိုပါဝက်ဘ်ဆိုက်ကို Solveware Solution ကုမ္ပဏီမှ စီစဉ်ခဲ့ခြင်းဖြစ်ပြီး ယခုပြုလုပ်သော ၀က်ဘ်ဆိုက်နှင့်ပတ်သက်၍ လုပ်ဆောင်နေမှု များနှင့်ဆက်လက် လုပ်ဆောင်မည့် အခြေအနေများကိုလည်း သုံးစွဲသူများနှင့် အပြန်အလှန် ဆွေးနွေးနိုင်ရန်အတွက် မြန်မာဝီကီပိဒိယ သုံးစွဲသူများ တွေ့ဆုံပွဲကိုလည်း ဇူလိုင်လ ၅ ရက်နေ့တွင် ကျင်းပသွားပေးသွားမည်ဟု သိရသည်။

Wikipedia ဆိုသည်မှာ အခမဲ့ကြည့်ရှု့နိုင်သည်သာမက ၀င်ရောက်ရေးသား အသိပညာ ဖြန့်ဝေလိုပါကလည်း လွတ်လပ်စွာပါဝင်နိုင်သော နေရာဖြစ်သည့်အပြင် အခြားသူများ၏ ရေးသားချက်များကို လည်း ၀င်ရောက်ဖြည့်စွက် ရေးသားခြင်း၊ မှန်ကန်သောအချက်များကို ဖြည့်စွက်နိုင်ခြင်းနှင့် မမှန်ကန်သော အချက်များကို ပယ်ဖျက်နိုင်ခြင်း တို့ ပြုလုပ်နိုင်သည့် ၀က်ဘ်ဆိုက်ဖြစ်သည်။

Group - 1

 
     
     
     
New Page 1

For the best online experience, view this site at 1024 X 768 screen size.
Copyright by myanmarforum.net