|
ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့
ကြေညာချက်အမှတ် ၁/၂၀၀၈
၁၃၇၀
ပြည့်နှစ်၊ ဦးတန်ခူးလကွယ်နေ့
(၂၀၀၈ ခုနှစ်၊
မေလ ၄ ရက်)
၁။ မြန်မာနိုင်ငံ၏အခြေအနေသည် ဒေသတွင်းနှင့်
နိုင်ငံတကာတို့၏ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို ထိခိုက်မှုမရှိ
သော်လည်း ၂-၅-၂၀၀၈ ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ သဘာပတိ၏
သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည့်အတွက်
ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် များစွာအံ့သြရပါသည်။
၂။ နိုင်ငံတော်အစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအား
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ အတည်ပြုခြင်း ကို ၂၀၀၈ ခုနှစ်၊ မေလ
၁၀ ရက် နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း၊ ဖြစ်ပေါ်လာမည့်
ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့်အညီ ပါတီစုံဒီမိုကရေစီ
အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်တွင်
ကျင်းပပြုလုပ်ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးဖြစ်ပါ သည်။ ယခုအခါ
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရန် ရက်ပိုင်းသာလိုတော့သည့် အချိန်
ဖြစ်ပြီး ဆန္ဒမဲပေးရန်အတွက် ပြည်သူလူထုက စိတ်အားထက်သန်စွာ
စောင့်မျှော်နေကြချိန် ဖြစ်ပါသည်။
၃။ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ပြီး
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံလည်းဖြစ်ပါသည်။ ဖွဲ့စည်းပုံ
အခြေခံဥပဒေမူကြမ်းအား ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ အတည်ပြုမည့်
ကိစ္စသည် ပြည်သူများက အဆုံးအဖြတ် ပြုရမည့်
ကိစ္စရပ်သက်သက်သာဖြစ်ပါသည်။ ထို့ပြင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ
ကျင်းပခြင်းသည် ပြည်တွင်းစီရင်ပိုင်ခွင့် အာဏာအတွင်းကျရောက်ပါသည်။
ထိုသို့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပခြင်းအားဖြင့်
ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုနိုင်ပြီး ဒီမိုကရေစီစနစ်သို့
ကူးပြောင်းနိုင်မည် ဖြစ်ပါသည်။
၎။ နိုင်ငံတော်အစိုးရသည် အိမ်နီးချင်းနိုင်ငံများ၊
အာဆီယံနိုင်ငံများအပါအ၀င် ကမ္ဘာ့နိုင်ငံများက ထောက်ခံကြိုဆို
လျက်ရှိသော နိုင်ငံတော် ရှေ့ဆက် သွားမည့် မူဝါဒလမ်းစဉ် (၇)
ရပ်နှင့်အညီ ပြည်သူလူထုနှင့် လက်တွဲကာ ဆက်လက် ကြိုးပမ်း
အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဖော်ပြပါသည်။
အမိန့်အရ
(ပုံ) သန့်ရှင်း
(ဗိုလ်မှူးကြီး)
အတွင်းရေးမှူး
ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ |