MyanmarForum
 

မူလစာမျက်နှာ

သတင်းကဏ္ဍ

ဆောင်းပါးကဏ္ဍ

သတင်းထုတ်ပြန်ချက်များ

 အခြားအဖွဲ့များ၏သဘောထား  

ဓာတ်ပုံကဏ္ဍ

အခြားဝက်ဆိုက်များ

သတင်းဘလော့ဂ်များ

 
 

၂၀၀၈ ခုနှစ်၊ မေလ၊ ၂၁ ရက်၊ ဗုဒ္ဒဟူးနေ့

 

 

 

သတင်းထုတ်ပြန်ချက် အမှတ် (၃)

၁။ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် နာဂစ်မုန်တိုင်းကျရောက်ခဲ့ရာ လေဘေးသင့်ပြည်သူများအတွက် ပြည်တွင်း၊ ပြည်ပ စေတနာရှင်များက ကယ်ဆယ်ရေးရန်ပုံငွေနှင့် ပစ္စည်းများကို ပေးပို့လှူဒါန်းလျက်ရှိရာ သက်ဆိုင်ရာ ကော်မတီများက စနစ်တကျလက်ခံပြီး ချက်ချင်း လေဘေးသင့် ဒေသများသို့ ပို့ဆောင်ပေးလျက်ရှိပါသည်။ မည်သူမဆို လေဘေးကယ်ဆယ်ရေး ရန်ပုံငွေနှင့် ပစ္စည်းများကို မသမာသောသဘောဖြင့် အလွဲသုံးစားပြုပါက ထိရောက်စွာ အရေးယူရန်လည်း ကြိုတင်စီမံထားပြီးဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ထားကြောင်းကိုလည်း မေလ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်ပြီး ဖြစ်ရာ အောက်ပါအတိုင်းဖြစ်ပါသည် - 

အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ၏ သတင်းထုတ်ပြန်ချက်

(၁) မြန်မာနိုင်ငံဒေသအချို့တွင် နာဂစ်မုန်တိုင်းဒဏ်ကြောင့်ဘေးအန္တရာယ်ကျရောက်ခဲ့ရာ ပြည်တွင်း၊ ပြည်ပစေတနာရှင်များက ကယ်ဆယ် စောင့်ရှောက်ရေးပစ္စည်းများကို အင်တိုက်အားတိုက် ပေးပို့လှူဒါန်းလျက်ရှိသဖြင့် ကျေးဇူးတင်စွာ လက်ခံရယူလျက်ရှိပါသည်။

(၂)  ပြည်တွင်း၊ ပြည်ပစေတနာရှင်များက လေဘေးသင့်ပြည်သူများအတွက် လှူဒါန်းသော ငွေ၊ ပစ္စည်းများကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများပါဝင်သည့် နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသများအတွက် အလှူငွေနှင့်ပစ္စည်းများ လက်ခံရေးနှင့် ကြီးကြပ်ရေးအဖွဲ့က စာရင်းဇယားများဖြင့် စနစ်တကျလက်ခံလျက်ရှိ ပါသည်။ ထိုသို့ လက်ခံပြီးနောက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ ပါဝင်သည့် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးဆပ် ကော်မတီက သက်ဆိုင်ရာလေဘေးသင့်ခံရ သူများ လက်ဝယ် သို့ အရောက် ချက်ချင်း ဆက်လက် ဖြန့်ဝေပေးအပ်လျက်ရှိပါသည်။

(၃) လေဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီဖြင့် ပြည်တွင်း၊ ပြည်ပမှ စေတနာရှင်များသည် နီးစပ်ရာ မြန်မာသံရုံးများ၊ စစ်သံရုံးများ၊ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ တိုင်းနှင့်ပြည်နယ်များရှိ သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီအဆင့်ဆင့်မှ တာဝန်ရှိသူများ၊ အခြား အကျိုးဆောင်ပုဂ္ဂိုလ်နှင့် တရားဝင်အဖွဲ့အစည်းများထံသို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

(၄) မည်သူမဆို လေဘေးသင့်ခံရသူများအတွက် ပြည်တွင်း၊ ပြည်ပမှ လှူဒါန်းသော ငွေ၊ ပစ္စည်းများကို မရိုး မဖြောင့်သောသဘောဖြင့် ထိန်းသိမ်းထားခြင်း၊ ရောင်းဝယ်ခြင်း၊ လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများအတွက် အသုံးချခြင်း၊ အခြားကိစ္စရပ်များအတွက် အလွဲသုံးစားပြုခြင်း များကို တွေ့မြင်သိရှိပါက သတင်းပို့ခြင်း၊ တိုင်ကြားခြင်းပြုနိုင်ပါသည်။ သတင်းရရှိပါက စုံစမ်းဖော်ထုတ်ပြီး ဥပဒေအရ ထိရောက်စွာ အရေးယူ သွားရန် ကြိုတင်စီမံထားရှိပြီးဖြစ်ကြောင်း အသိ ပေးအပ်ပါသည်။

၂။   သို့ပါ၍ ပြည်တွင်း၊ ပြည်ပ အလှူရှင်များအနေဖြင့် စေတနာသဒ္ဓါတရား ယုတ်လျော့ခြင်းမရှိဘဲ ပကတိ ထက်သန်စွာ ဆက်လက်လှူဒါန်းနိုင် ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။          

ရက်စွဲ။ ၁၇-၅-၂၀၀၈                                                                      အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး

နေရာ။ နေပြည်တော်                                                                                        ဗဟိုကော်မတီ

ကြေးမုံ (၁၉-၅-၂၀၀၈)

 
     
     
New Page 1

For the best online experience, view this site at 1024 X 768 screen size.
Copyright by myanmarforum.net