သတင်းထုတ်ပြန်ချက် အမှတ် (၄)
၁။ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် မေလ(၂) ရက်နှင့် (၃)
ရက်နေ့များ၌ ပြင်းထန်သော နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့သဖြင့်
ဧရာဝတီတိုင်း ပင်လယ်ကမ်းခြေဒေသများတွင် အသက်အိုးအိမ်ဆုံးရှုံးမှု
ကြီးမားစွာခံစားခဲ့ရပြီး ရန်ကုန်တိုင်းတွင်လည်း
ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပါသည်။
၂။ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီ
အစည်းအဝေးကို မေလ (၃) ရက်နေ့ နံနက် (၈) နာရီခွဲတွင် နေပြည်တော်၌
ကျင်းပပြီးနောက် ဘေးဒုက္ခနှင့်ရင်ဆိုင်နေရသော ပြည်သူများကို
ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်နိုင်ရန်အတွက် နယ်ဘက်နှင့်
စစ်ဘက် ဆေးအကာအကွယ်ပေးရေးအဖွဲ့များကို မုန်တိုင်း ဒဏ်ခံစားခဲ့ရသည့်
ဒေသများသို့ ချက်ချင်းစေလွှတ်ခဲ့ပါသည်။
၃။ ထို့ကြောင့် လက်ရှိအခြေအနေတွင် ရန်ကုန်တိုင်းနှင့်
ဧရာဝတီတိုင်းတို့၌ ဆေးအကာအကွယ်ပေးရေးအဖွဲ့ (၁၂၂) ဖွဲ့ အင်အား
(၂၀၂၉) ဦး တို့သည် ဒေသခံကျန်းမာရေး ၀န်ထမ်းများဖြင့်ပူးပေါင်း၍
ကုသရေးနှင့် ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်
ဆောင်ရွက်လျက် ရှိပါသည်။
၎။ သို့သော် အချို့သောပြည်ပသတင်းဌာနများက
လေဘေးဒုက္ခသည်များအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု များ
အပြည့်အ၀မရရှိကြောင်း၊ ၀မ်းရောဂါနှင့်
အခြားကူးစက်ရောဂါများကျရောက်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရ ကြောင်း
သတင်းမှားများ ထုတ်လွှင့်လျက်ရှိသည်ကို ကြားသိရပါသည်။
၅။ ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရသည်
မိမိစွမ်းအားဖြင့်လည်းကောင်း၊ နိုင်ငံတကာအကူအညီများ ရယူပြီး
လည်းကောင်း၊ လေဘေးသင့် ပြည်သူ များအား ရောဂါကာကွယ်ရေးနှင့်ကုသရေးလုပ်ငန်းများကို အပြည့်အ၀ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့်
လေဘေးသင့်ဒေသများအတွင်းသာမန် ဖြစ်လေ့ ဖြစ်ထ ရှိသော ရောဂါများမှအပ
အခြား ကူးစက်ရောဂါများ ဖြစ်ပွားခြင်းမရှိကြောင်း
သတင်းထုတ်ပြန်အပ်ပါသည်။
ရက်စွဲ။
၁၇-၅-၂၀၀၈
အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး
နေရာ။ နေပြည်တော်
ဗဟိုကော်မတီ
ကြေးမုံ (၁၉-၅-၂၀၀၈)