သတင်းထုတ်ပြန်ချက် အမှတ် (၅)
၁။ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သော
နာဂစ်မုန်တိုင်းဒဏ်ခံရသည့် လေဘေးဒုက္ခသည်များ အတွက်
ပြည်ပနိုင်ငံများ၊ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့အစည်းများ၊
INGO
များ၊ ပုဂ္ဂလိက အလှူရှင်များက ပေးပို့လှူဒါန်း
သောပစ္စည်းများသည် စဉ်ဆက်မပြတ် ရောက်ရှိလျက်ရှိပါသည်။
၂။ ဤဆိုပါပေးပို့လှူဒါန်းသော ပစ္စည်းများအနက်
နာဂစ်မုန်တိုင်းဒဏ်သင့်ဒေသများအတွက် အလှူငွေနှင့်ပစ္စည်း
များလက်ခံရေးနှင့် ကြီးကြပ်ရေး အဖွဲ့သို့
လှူဒါန်းသည်များရှိသကဲ့သို့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းအချို့နှင့်
INGO
အချို့က တိုက်ရိုက်လက်ခံရယူသွားသည့် ပစ္စည်းများလည်း ပါဝင် ပါသည်။
၃။ နာဂစ်မုန်တိုင်းဒဏ်အတွက် ပေးပို့လှူဒါန်းသော
ပစ္စည်းမှန်သမျှသည် လေဘေးဒုက္ခသည်များထံရောက်ရှိရန် လိုအပ်သဖြင့်
နာဂစ် မုန်တိုင်းဒဏ် သင့်ဒေသများအတွက် အလှူငွေနှင့်ပစ္စည်းများ
လက်ခံရေးနှင့် ကြီးကြပ်ရေးအဖွဲ့က အပိုဒ်(၂) ပါ တိုက်ရိုက်လက်ခံသော
အဖွဲ့အစည်းများ နှင့်ညှိနှိုင်း၍ စနစ်တကျဖြစ်အောင်
ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
ရက်စွဲ။
၁၇-၅-၂၀၀၈
အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး
နေရာ။ နေပြည်တော်
ဗဟိုကော်မတီ
ကြေးမုံ (၁၉-၅-၂၀၀၈)