MyanmarForum
 

မူလစာမျက်နှာ

သတင်းကဏ္ဍ

ဆောင်းပါးကဏ္ဍ

သတင်းထုတ်ပြန်ချက်များ

 အခြားအဖွဲ့များ၏သဘောထား  

ဓာတ်ပုံကဏ္ဍ

အခြားဝက်ဆိုက်များ

သတင်းဘလော့ဂ်များ

 
 

၂၀၀၈ ခုနှစ်၊ မေလ၊ ၂၁ ရက်၊ ဗုဒ္ဒဟူးနေ့

 

 

 

သတင်းထုတ်ပြန်ချက် အမှတ် (၆)

၁။       နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် တာဝန်ရှိသူများ လိုက်ပါလျက် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ လေဘေးသင့်ဒေသများ၌ ဆောင်ရွက်နေသော ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို မေလ (၁၈) ရက်နေ့မှစ၍ လှည့်လည်ကြည့်ရှုစစ်ဆေးအားပေးလျက် ရှိပါသည်။

၂။      နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လေဘေးသင့် ဒေသ များအလိုက် စာရင်းဇယားများ တိကျစွာမှတ်တမ်းတင်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စနစ်တကျစီမံချက်များ ချမှတ်ကာ ထိရောက်စွာ ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ထိုသို့လမ်းညွှန်မှာကြားရာတွင် မုန်တိုင်းဒဏ်သင့် ဒေသများရှိ မိဘမဲ့ကလေးများကို စာရင်းကောက်ယူစုစည်းပြီး ဖျာပုံခရိုင်နှင့် လပွတ္တာမြို့များတွင် မိဘမဲ့ကလေးသင်တန်းကျောင်းများ ဖွင့်လှစ်ပေးရန်လည်း ထည့်သွင်းမှာကြားခဲ့ပါသည်။

၃။       ယခုလောလောဆယ်တွင် စုစည်းရရှိထားသော မုန်တိုင်းဒဏ်သင့် မိဘမဲ့ကလေးများကို မအူပင်မြို့နှင့် မြောင်းမြမြို့များတွင် အထူးအစီအစဉ်ဖြင့် ပြုစုစောင့်ရှောက်ထားပြီး အထက်အပိုဒ်(၂)ပါ လမ်းညွှန်ချက်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။

ရက်စွဲ။ ၂၀-၅-၂၀၀၈                                                                      အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး

နေရာ။ နေပြည်တော်                                                                                        ဗဟိုကော်မတီ

ကြေးမုံ (၂၁-၅-၂၀၀၈)

 
     
     
New Page 1

For the best online experience, view this site at 1024 X 768 screen size.
Copyright by myanmarforum.net