သတင်းထုတ်ပြန်ချက် အမှတ် (၇)
၁။ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင်
နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသော လေဘေးသင့်ပြည်သူများ၏ ကျန်းမာရေး
စောင့်ရှောက်မှုအတွက် အိမ်နီးချင်းနိုင်ငံများမှ
ဆေးကုသရေးအဖွဲ့များကို ဖိတ်ခေါ်ခဲ့ရာ အိန္ဒိယသမ္မတနိုင်ငံမှ ၄၇ ဦး
ပါဝင်သော ဆေးအဖွဲ့သည် မေလ (၁၇) ရက်နေ့တွင် ရောက်ရှိပြီး
ဖျာပုံနှင့် ဘိုကလေးဒေသများတွင်လည်းကောင်း၊
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ၅၀ ပါဝင်သော ဆေးအဖွဲ့သည် မေလ (၁၈)
ရက်နေ့တွင် ရောက်ရှိပြီး ကွမ်းခြံကုန်း ဒေသတွင်လည်းကောင်း၊
ထိုင်းနိုင်ငံမှ ၃၀ ပါဝင်သော ဆေးအဖွဲ့သည် မေလ (၁၇) ရက်နေ့တွင်
ရောက်ရှိပြီး မြောင်းမြ နှင့် လပွတ္တာဒေသများတွင်လည်းကောင်း၊
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံမှ ၂၃ ဦးပါဝင်သော ဆေးအဖွဲ့
သည် မေလ (၁၈)ရက်နေ့တွင်ရောက်ရှိပြီး ကျောက်တန်းဒေသတွင်လည်းကောင်း၊
ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ မှ ၃၃ ဦးပါဝင်သော ဆေးအဖွဲ့သည်
မေလ(၂၁)ရက်နေ့တွင် ရောက်ရှိပြီး မအူပင်ဒေသတွင်လည်းကောင်း၊
စုစုပေါင်း (၅)နိုင်ငံမှ ဆေးအဖွဲ့အင်အား (၁၈၃)ဦးဖြင့်
လေဘေးဒဏ်သင့် ပြည်သူများ၏ ကျန်းမာရေးအတွက် ကာကွယ်ရေးနှင့်
ကုသရေးလုပ်ငန်းများကို စေတနာသဒ္ဓါတရားထက်သန်စွာ
ကူညီဆောင်ရွက်လျက်ရှိကြပါသည်။
၂။ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့မှ
ဆေးဝန်ထမ်းများ၊
NGO
အဖွဲ့အစည်းများမှ ဆေး ပညာရှင်များ အင်အား (၂၀၂၉)ဦး၊
လုပ်ငန်းရှင်အဖွဲ့အသီးသီးမှ စေလွှတ်သောဆေးအဖွဲ့များ၊ ပုဂ္ဂလိက
ဆေးပညာရှင်များ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့နှင့် အခြားကျန်းမာရေး
နှင့် ကယ်ဆယ်ရေးအဖွဲ့ဝင် (၃၆၀၀၀) ခန့်တို့သည် မုန်တိုင်းဖြစ်
ပေါ်ပြီးနောက် မုန်တိုင်းဒဏ်ခံ ဒေသအနှံ့အပြားသို့
အလျင်အမြန်သွားရောက်ပြီး ကျန်းမာရေး စောင့်ရှောက်ရေးလုပ်ငန်း
များကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ အထက်ပါ
အိမ်နီးချင်းနိုင်ငံများမှ ဆေးအဖွဲ့များက လာရောက်အားဖြည့်
ပူးပေါင်း သဖြင့် ပို၍အင်ပြည့်အားပြည့် ဆောင်ရွက်လျက်ရှိပါသည်။
၃။ ထို့အတူ ပြည်တွင်း၊ ပြည်ပစေတနာရှင်များက လိုအပ်သော
ဆေးဝါးနှင့် အထောက်အကူပစ္စည်းများကို စဉ် ဆက်မပြတ်
ပေးပို့လှူဒါန်းလျက်ရှိရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွင်
အကျိုးရှိစွာအသုံးပြုလျက်ရှိပါသည်။
၎။ သို့ပါ၍ နာဂစ်မုန်တိုင်းဒဏ်သင့် ပြည်သူများ၏
ကျန်းမာရေးအတွက် ကာကွယ်ရေးနှင့်ကုသရေးလုပ်ငန်းများကို
စေတနာသဒ္ဓါတရားထက်သန်စွာ ပါဝင်ပူးပေါင်းဆောင်ရွက်ပေးကြသော
နိုင်ငံများမှ အစိုးရများနှင့်ပြည်သူများကို လှိုက်လှိုက်လှဲလှဲ
ကျေးဇူးတင်ပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
ရက်စွဲ။
၂၂-၅-၂၀၀၈
အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး
နေရာ။ နေပြည်တော်
ဗဟိုကော်မတီ
ကြေးမုံ (၂၃-၅-၂၀၀၈)