MyanmarForum
 

မူလစာမျက်နှာ

သတင်းကဏ္ဍ

ဆောင်းပါးကဏ္ဍ

သတင်းထုတ်ပြန်ချက်များ

 အခြားအဖွဲ့များ၏သဘောထား  

ဓာတ်ပုံကဏ္ဍ

အခြားဝက်ဆိုက်များ

သတင်းဘလော့ဂ်များ

 
 

၂၀၀၈ ခုနှစ်၊ မေလ၊ ၈ ရက်၊ ဗုဒ္ဓဟူးနေ့

 

 

 

သတင်းထုတ်ပြန်ချက် အမှတ် (၈)

၁။      နာဂစ်မုန်တိုင်းဒဏ်ကို ဆိုးရွားစွာခံစားခဲ့ရသော လေဘေးသင့်ပြည်သူများအပေါ် စေတနာ သဒ္ဓါတရား ထက်သန်သော တိုင်းနှင့် ပြည်နယ် အသီးသီးတို့မှ စေတနာရှင်တစ်ဦးချင်းနှင့် အဖွဲ့အစည်းလိုက် တို့က ငွေနှင့်ပစ္စည်းများ အင်တိုက်အားတိုက်ပေးပို့လှူဒါန်းခြင်း၊ အဘက်ဘက်မှ ကူညီ ဆောင်ရွက်ပေးခြင်းတို့အား ဤကော်မတီက ၀မ်းမြောက်ကျေးဇူးတင်စွာလက်ခံပြီး လေဘေးသင့်ပြည်သူများထံ အချိန်မဆိုင်း စနစ်တကျ ဖြန့်ဝေပေးပို့ လျက်ရှိပါသည်။

၂။      အချို့သော အလှူရှင်များသည် မိမိတို့လှူဒါန်းလိုသော ပုဂ္ဂိုလ်နှင့် လှူဒါန်းလိုသောဒေသများသို့ ကိုယ်တိုင် ကိုယ်ကျ သွားရောက်၍ ကိုယ်ထိ လက်ရောက်လှူဒါန်းလိုကြောင်း သိရပါသည်။ ဤသို့ လှူဒါန်းလိုသူများသည် မိမိတို့ လှူဒါန်းလိုသည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ မြို့၊ ရပ်ကွက်၊ ကျေးရွာများ အထိ စနစ်တကျသွားရောက် လှူဒါန်းနိုင်ပါကြောင်း၊ လေဘေးဒဏ်ကို ပြင်းထန်စွာခံစားခဲ့ကြရသည့် ဒေသများအထိ သွားရောက်ပြီး ကူညီလှူဒါန်း ကြလျှင် ပိုမိုထိရောက် ပါကြောင်း နှင့် ထိုသို့လှူဒါန်းရာတွင် အကူအညီလိုအပ်ပါက သက်ဆိုင်ရာ အမျိုးသာသဘာဝဘေး ကာကွယ် စောင့်ရှောက် ရေးကော်မတီ အဆင့်ဆင့်ထံ တောင်းခံနိုင်ပါကြောင်း သတင်းထုတ်ပြန် ကြေညာအပ်ပါသည်။

ရက်စွဲ၊ ၂၇-၅-၂၀၀၈

နေရာ၊ နေပြည်တော်

အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေး

ဗဟိုကော်မတီ

ကြေးမုံ (၂၈-၅-၂၀၀၈)

 
     
     
New Page 1

For the best online experience, view this site at 1024 X 768 screen size.
Copyright by myanmarforum.net