ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော် အေးချမ်းသာယာရေးနှင့်
ဖွံ့ဖြိုးရေးကောင်စီ
ကြေငြာချက်အမှတ် (၆/၂၀၀၈)
၁၃၇၀ ပြည့်နှစ်၊ ကဆုန်လဆန်း (၁၅) ရက်
(၂၀၀၈ ခုနှစ်၊ မေလ ၁၉ ရက်)
ဝမ်းနည်းကြောင်း အထိမ်းအမှတ်နေ့များအဖြစ်
သတ်မှတ်ခြင်း
၁။ နာဂစ်မုန်တိုင်းသည်
ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းသို့ (၂-၅-၂၀၀၈)ရက်နေ့ နံနက်
(၀၉း၀၀) နာရီတွင် ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းမှ
စတင်ဝင်ရောက်ခဲ့ပြီး (၄-၅-၂၀၀၈)ရက်နေ့ နေ့လယ်
(၁၂း၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံမှ ဖြတ်ကျော်သွားခဲ့ပါသည်။
၂။ နာဂစ်မုန်တိုင်းသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း
ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊
ကရင်ပြည်နယ်တို့အား ဖြတ်သန်းဝင်ရောက်တိုက်ခတ်ခဲ့ရာ
ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် အသက်အိုးအိမ်များ
ပျက်စီးဆုံးရှုံးခြင်း၊ သာသနိကအဆောက်အအုံများ၊
စာသင်ကျောင်းများနှင့် ဆေးရုံများ၊ ရေယာဉ်များ၊ တိရစ္ဆာန်များ၊
သီးနှံစိုက်ခင်းများ၊ သစ်တောများ၊ ရိက္ခာပစ္စည်းများ
ပျက်စီးဆုံးရှုံးခြင်း စသည်တို့ ကြီးမားစွာ ဖြစ်ပေါ်ခဲ့ရပါသည်။
၃။ နာဂစ်မုန်တိုင်းကြောင့် ပြည်သူများသေဆုံးခဲ့ကြရခြင်းအတွက်
(၂၀-၅-၂၀၀၈) ရက်နေ့မှ (၂၂-၅-၂၀၀၈)ရက်နေ့အထိ (၃)ရက်တာ ကာလကို
ဝမ်းနည်းကြောင်း အထိမ်းအမှတ်နေ့များအဖြစ် သတ်မှတ်လိုက်ပြီး
ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကို (၂၀-၅-၂၀၀၈)ရက်နေ့ နံနက်
(၀၉း၀၀)နာရီ အချိန်မှစ၍ ယင်းကာလအတွင်း တိုင်တစ်ဝက်လွှင့်ထူရန်
ကြေငြာလိုက်သည်။
အမိန့်အရ-
(ပုံ) သီဟသူရတင်အောင်မြင့်ဦး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး (၁)
နိုင်ငံတော်အေးချမ်းသာယာရေနှင့် ဖွံ့ဖြိုးရေးကောင်စီ