|
ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
(ကြေညာချက်အမှတ် ၄/၂၀၀၈)
၁၃၇၀ ပြည့်နှစ်၊ ဦးတန်ခူးလပြည့်ကျော် (၁၃)ရက်
(၂၀၀၈ ခုနှစ်၊ မေလ ၃ ရက်)
၁။ (၂-၅-၂၀၀၈) ရက်နေ့မှစ၍ မြန်မာနိုင်ငံမှဖြစ်ပေါ်ခဲ့သော
ဆိုင်ကလုန်းမုန်တိုင်းကြီး နာဂစ်သည် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊
ရန်ကုန်တိုင်း၊ မွန် ပြည်နယ် နှင့် ကရင်ပြည်နယ်များသို့
ဝင်ရောက်ဖြတ်ကျော်လျက် ရှိပါသည်။
၂။ ယင်းပြင်းထန်သော နာဂစ်မုန်တိုင်းဒဏ်ကြောင့်
ကာကွယ်ရေးနှင့် ကယ်ဆယ်ထူထောင်ရေးလုပ်ငန်းများကို အမျိုးသားအဆင့်အနေဖြင့် မြန်ဆန်ထိရောက်စွာ ဆက်စပ်ဆောင်ရွက်နိုင်ရေးအတွက်
အောက်ပါဒေသများသို့ သဘာဝ ဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ်
ကြေညာလိုက်သည် -
(က) ဧရာဝတီတိုင်း
(ခ) ရန်ကုန်တိုင်း
(ဂ) ပဲခူးတိုင်း
(ဃ) မွန်ပြည်နယ်
(င) ကရင်ပြည်နယ်
အမိန့်အရ
(ပုံ) သီဟသူရတင်အောင်မြင့်ဦး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး (၁)
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ |