MyanmarForum
 

မူလစာမျက်နှာ

သတင်းကဏ္ဍ

ဆောင်းပါးကဏ္ဍ

သတင်းထုတ်ပြန်ချက်များ

 အခြားအဖွဲ့များ၏သဘောထား  

ဓာတ်ပုံကဏ္ဍ

အခြားဝက်ဆိုက်များ

သတင်းဘလော့ဂ်များ

 
 

၂၀၀၈ ခုနှစ်၊ မေလ၊ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့

 

 

 

ပြည်ထောင်စုမြန်မာနိုင်ငံတော်

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်

(ကြေညာချက်အမှတ် ၈/၂၀၀၈)

၁၃၇၀ ပြည့်နှစ်၊ ကဆုန်လဆန်း(၂)ရက်

(၂၀၀၈ ခုနှစ်၊ မေလ ၆ ရက်)

၁။   ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ပြုရေးအတွက်  ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ၂၀၀၈ ခုနှစ်၊ မေလ (၁၀) ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ဤကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။

၂။  သို့ရာတွင် (၂-၅-၂၀၀၈) ရက်နေ့မှစ၍ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သော နာဂစ် ဆိုင်ကလုန်းမုန်တိုင်း ကြီးကြောင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ကို သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ကြေညာခဲ့ပါသည်။

၃။   ယခုအခါ ယင်းသို့ ကြေညာထားသော ဒေသများအတွင်းရှိ မြို့နယ်အချို့မှာ ပုံမှန်အနေအထားသို့ ရောက်ရှိ နေပြီးဖြစ်သည့်အတွက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၂၀၀၈ ခုနှစ်၊ မေလ (၆)ရက်စွဲပါ ကြေညာချက်အမှတ် (၅/၂၀၀၈)ဖြင့် အောက်ပါမြို့နယ်များကိုသာ သဘာဝ ဘေးအန္တရာယ် ကျရောက်သော ဒေသများ အဖြစ် ဆက်လက်သတ်မှတ်ကြောင်း ဖော်ပြထားပါသည် -

(က)  ဧရာဝတီတိုင်းအတွင်းရှိ ငပုတောမြို့နယ်၊ လပွတ္တာမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ်၊ ကျိုက်လတ် မြို့နယ်နှင့် ဒေးးဒရဲမြို့နယ် စုစုပေါင်း မြို့နယ်(၇)မြို့နယ်။

(ခ) ရန်ကုန်တိုင်းအတွင်းရှိ တာမွေမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ဒဂုံ(ဆိပ်ကမ်း) မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ ဒေါပုံမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကင်းမြို့နယ်၊ သာကေတမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကမာရွတ်မြို့နယ်၊ ကြည်မြင့်တိုင်မြို့နယ်၊ ကျောက်တံတားမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ဆိပ်ကမ်းမြို့နယ်၊ ဒဂုံ မြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ လသာ မြို့နယ်၊ လှိုင်မြို့နယ်၊ လမ်းမတော်မြို့နယ်၊ အလုံမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်း မြို့နယ်၊ သုံးခွမြို့နယ်၊ ခရမ်း မြို့နယ်၊ တံွံတေး မြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကော့မှူးမြို့နယ်၊ ဒလမြို့နယ်၊ ဆိပ်ကြီးခနောင်တို မြို့နယ်၊ အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေပြည်သာ မြို့နယ်၊ လှိုင်သာယာမြို့နယ်၊ စုစုပေါင်း မြို့နယ်(၄၀) မြို့နယ်။

၎။ သို့ပါ၍ အပိုဒ်(၃)ပါ မြို့နယ်များအတွက် ကျင်းပရန် သတ်မှတ်ထားသည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများကို ရွှေ့ဆိုင်းလိုက်ကြောင်းနှင့် ထိုမြို့နယ် များအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများကို ၂၀၀၈ ခုနှစ်၊ မေလ (၂၄) ရက်နေ့ တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာလိုက်ပါသည်။           

အောင်တိုး

ဥက္ကဋ္ဌ

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင်

 
     
   

 

     
New Page 1

For the best online experience, view this site at 1024 X 768 screen size.
Copyright by myanmarforum.net