၁။ ၂၀၀၈ခုနှစ်၊ မေလ ၂-၃ ရက်နေ့များတွင် မြန်မာနိုင်ငံတွင် ကျရောက်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ကြောင့် သက်အိုးအိမ်များ ဆုံးရှုံးခဲ့ရသည့်အတွက် မုန်တိုင်းဒဏ်ခံရသူများအား အကူအညီပေးရေး ကတိ က၀တ်ပြုမည့် ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ အလှူရှင်နိုင်ငံများ ပါဝင်သည့် အာဆီယံ-ကုလသမဂ္ဂ နိုင်ငံတကာ ကတိက၀တ်ပြုရေး ညီလာခံတစ်ရပ်ကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပခဲပါသည်။ ယင်းညီလာခံမှ မြန်မာ အစိုးရ၊ အာဆီယံနှင့် ကုလသမဂ္ဂ ကိုယ်စားလှယ် (၃) ဦးစီဖြင့် ဖွဲ့စည်းသည့် Tripartite Core Group (TCG) သုံးပွင့်ဆိုင် ဗဟိုအဖွဲ့အစည်းကို ဖွဲ့စည်းသွားရန်နှင့် ယင်းအဖွဲ့က မုန်တိုင်းဒဏ်သင့် ဒေသများမှ ပြည်သူများ အား ပြန်လည်ထူထောင်ရေးအကူအညီများ ပေးအပ်သွားရန်၊ မြန်မာနိုင်ငံအစိုးရနှင့် ကုလသမဂ္ဂအဖွဲ့အစည်း များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ပါသည်။
၂။ သုံးပွင့်ဆိုင် ဗဟိုအဖွဲ့တွင် မြန်မာနိုင်ငံ ကိုယ်စားလှယ်များအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယ ၀န်ကြီး ဦးကျော်သူ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဦးအောင်ထွန်းခိုင်နှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအေးတို့အား တာဝန်ပေးအပ်ပြီး ဒုတိယ၀န်ကြီးဦးကျော်သူအား Tripartite Core Group (TCG) ၏ ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်ကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါသည်။
ရက်စွဲ ၊ ၃၀-၅-၂၀၀၈။
နေရာ၊ နေပြည်တော်။
အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေး
ဗဟိုကော်မတီ