MyanmarForum
 

မူလစာမျက်နှာ

သတင်းကဏ္ဍ

ဆောင်းပါးကဏ္ဍ

သတင်းထုတ်ပြန်ချက်များ

 အခြားအဖွဲ့များ၏သဘောထား  

ဓာတ်ပုံကဏ္ဍ

အခြားဝက်ဆိုက်များ

သတင်းဘလော့ဂ်များ

 
 

၂၀၀၈ ခုနှစ်၊ ဇွန်လ၊ ၂၄ ရက်၊ အင်္ဂါနေ့

 

 

 

သစ္စာဖောက်တို့သွားရာလမ်း

ဒီကနေ့ စစ်အစိုးရကို ထိုးနှက်တိုက်ခိုက်နေတဲ့ အသံလွှင့်ဌာနတွေ၊ ပြည်ပရောက် ဒီမိုကရေစီလှုပ်ရှားသူတွေ၊ ပြည်တွင်းက နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေကြားမှာ ရေပန်းစားနေတာက ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်ပါပဲ။

ဘယ်သူဖြစ်ဖြစ် အစိုးရကို ကလော်ဆဲတဲ့ကောင်ဆိုရင် ဒီမိုကရေစီသူရဲကောင်းဆိုပြီး မြှောက်စားတတ်သူတွေ အတွက်ကတော့ ထောက်လှမ်းရေးလဲဖြစ်၊ နိုင်ငံခြားရေးဌာနမှာလဲနေဖူးတဲ့ အောင်လင်းထွဋ်ဆီက ကြားရတဲ့ စစ်တပ်အတွင်း သတင်းတွေ၊ အတင်းအဖျဉ်းတွေက အလွန် ခံတွင်းတွေ့စရာပေါ့။ အောင်လင်းထွဋ်ကလဲ ဒီလူတွေအကြိုက် သတင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ်ရေးထုတ်နေတာကိုး။ ပြီးတော့ ဒီသတင်းတွေမှန်လား၊ မှားလား အတည်ပြုနိုင်တဲ့အခြေအနေလဲမရှိတော့ ဒင်းပြောသမျှ ယုံနေရတော့တာပေါ့။ အောင်လင်းထွဋ်ကလဲ ကွန်ပျူတာ စာစီတာအားမရလို့ထင်ပါရဲ့၊ သူ့လက်ရေးနဲ့ လက်မှတ်နဲ့လဲ ဖြန့်လာသေးတယ်။ ဒီထက်ဆိုးတာကတော့ မြန်မာ့နိုင်ငံရေးအခြေအနေအပေါ် သုံးသပ်ချက်ဆိုပြီး အင်္ဂလိပ်လိုတောင် လုပ်လာသေးတယ်။

အောင်လင်းထွဋ်တောင် ဘိုလိုမှုတ်နေပါလားဆိုပြီး ဖတ်ကြည့်လိုက်တော့ ပထမတစ်ပိုဒ်မှာတင် ဒီစာမျိုးဟာ အောင်လင်းထွဋ်လို နလပိန်းတုံး မရေးတတ်ဘူးဆိုတာသိပြီ။ အရေးအသားတွေက Native English၊ နိုင်ငံခြားသား တစ်ယောက်ပဲ သုံးတတ်တဲ့ အသုံးအနှုန်းတွေဖြစ်နေတာကိုး။ အောင်လင်းထွဋ် အင်္ဂလိပ်လို ဘယ်လောက်တတ်လဲဆိုတာတော့ ကျွန်တော်မသိဘူး။ သိတာကတော့ ကျွန်တော်တို့တစ်တွေ ရေကြည်အိုင်မှာ စစ်ကြောရေးဝင်ခံရတော့ အောင်လင်းထွဋ် တစ်ရက်ခြား တစ်ခါလာစစ်ရင်ပြောလေ့ရှိတဲ့ ဘိတ်ဒေါင်း ဆိုတဲ့စကားပဲ။ အဲဒီတုံးက အောင်လင်းထွဋ်လာရင် ကျွန်တော်တို့ကို စစ်ကြောရေးခန်းထဲကို တစ်ဦးချင်းသွင်း၊ မေး၊ မေးလို့မရရင် နရင်းရိုက်၊ ခြေထောက်နဲ့ကန်၊ နောက်ဆုံး သူမောရင် ပြန်ပြီ။ မပြန်ခင် ရေကြည်အိုင်က ဆရာကြီးခင်အောင်တို့ကိုခေါ်ပြီး ဆရာကြီး နောက်နေ့ ကျွန်တော်ပြန်လာမယ်။ ဒီကြားထဲ ဒီကောင်ကို ဘိတ်ဒေါင်းလုပ်ထားလိုက်လို့ အမြဲမှာတယ်။

ကြားကာစကတော့ ဘာလဲဟ၊ ဘိတ်ဒေါင်း ဆိုတာ၊ နောက်ထပ် နှိပ်စက်နည်းတစ်မျိုးလားလို့ ထင်မိတယ်။ နောက်တော့ ဘယ်ဟုတ်မလဲဗျ၊ အောင်လင်းထွဋ် မပီကလာ၊ ပီကလာ ငပိသံနဲ့ Break Down ကို ပြောတာကိုးဗျ၊ ကျုပ်ပြန် မလာခင် ဒီကောင်တွေကို ဦးချိုးထားဆိုတဲ့သဘောပေါ့လေ။ အခုကြတော့ မောင်ဘိတ်ဒေါင်း အောင်လင်းထွဋ်က ဘိုလို စာတွေပါ တွေရေးနေတာ့ ကျွန်တော်တို့မှ ငိုရခက်၊ ရီရခက်။

အောင်လင်းထွဋ်တစ်ယောက် ဒီလိုရူးကြားမူးကြား စာတွေလျှောက်ရေးနေတာက တော်သေးတယ်။ မဖတ်ချင်ရင် လွှင့်ပစ်ထားလို့ ရတာကိုး။ ဒါပေမယ့် အောင်လင်းထွဋ်က ဒီလောက်နဲ့မရပ်ဘူး၊ ဒီမိုကရေစီ ရေးလှုပ်ရှားသူတွေကြား၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကြားမှာပါ လှုပ်ရှား လာတယ်။ အမေရိကန်ကနေ ထိုင်းကိုလာပြီး ဗိုလ်မှူးကြီးအေးမြင့်တို့နဲ့တွေ့တာ၊ ကေအင်ယူ ခေါင်းဆောင်တွေနဲ့တွေ့တာ၊ အေဘီအက်စ်ဒီအက်ဖ် အပါအ၀င် နယ်စပ်ရောက် ကျောင်းသားဟောင်း တွေနဲ့ တွေ့တာတွေကို အသံလွှင့် ဌာနတွေက ကြားရ၊ အင်တာနက်မှာတွေ့ရတယ်။

တကယ်တော့ နယ်စပ်မှာရှိတဲ့ ၈၈၊ ၉၆ ကျောင်းသားတွေထဲမှာ ကျွန်တော်နဲ့လုပ်ဖော်ကိုင်ဖက်တွေအများကြီးပါတယ်။ တူတာတွဲလုပ်၊ မတူတာ ခွဲလုပ်ဆိုပြီး လမ်းခွဲလာပေမယ့် လုပ်ဖော်ကိုင်ဖက်သံယောဇဉ်ရှိတယ်။ သူတို့အမြင်ပြောင်းသွားတာ လိုချင်ပေမယ့် အောင်လင်းထွဋ်လိုကောင်ကြောင့် ဘ၀ပျက်မှာကို ကျွန်တော်မလိုချင်ဘူး။

လူဆိုတာ အယူအဆတစ်ခုထဲကို အမြဲလက်မခံနိုင်ဘူး၊ ပြောင်းလဲရမယ်ဆိုတာ ကျွန်တော်လက်ခံတယ်။ တော်လှန်ရေး လုပ်တဲ့နေရာမှာ အမြင်မှန်ရလာတဲ့ ရန်သူကို လက်ကမ်းပြီးကြိုရမယ်ဆိုတာကို ကျောင်းသားတော်လှန်ရေး အဖွဲ့တွေအနေနဲ့လက်ခံပြီးသား၊ ဘာမှ အငြင်းပွားစရာ မလိုဘူး။ ဒါပေမယ့် မော်စီတုံးက ပြောဖူးတယ်။ လူကောင်းလဲ တစ်ယောက်မှ လက်မလွတ်စေရ၊ လူဆိုးလဲ တစ်ယောက်မှဝင် မလာစေရဆိုတဲ့ စည်းရုံးရေးမူကို လက်ကိုင်ထားရမယ်တဲ့။

ဒီစကားက ဘက်ပြောင်းလာတဲ့ရန်သူကို စိစစ်ရမယ်ဆိုတဲ့ လမ်းညွှန်ချက်ပဲ။ ဒီတော့ အောင်လင်းထွဋ် ဘယ်လိုဘက် ပြောင်းလာတာလဲ စိစစ်ရအောင်။ အောင်လင်းထွဋ်ဟာ ထောက်လှမ်းရေးမှာ တာဝန်ယူရင်း ထောက်လှမ်းရေးရဲ့ လုပ်ရပ်တွေဟာ မှားနေတယ်။ မတရားဘူးဆိုတာသိလို့ ရာထူး၊ အရှိန်အ၀ါ၊ စည်းစိမ်တွေကိုစွန့်လွှတ်ပြီး ဒီမိုကရေစီ တော်လှန်ရေးဘက်ကို ဘက်ပြောင်းလာတာမဟုတ်ဘူး။ တကယ်တော့ ထောက်လှမ်းရေး သာခေတ်ကောင်းနေဦးမယ်ဆိုရင် အောင်လင်းထွဋ်ဟာ ၀ါရှင်တန် မြန်မာသံရုံးမှာ ၀ီစကီသောက်ပြီး အမေရိကန်ရောက် ဒီမိုကရေစီရေးလှုပ်ရှား သူတွေရဲ့ သတင်းယူနေဦးမှာပါ။ မြန်မာပြည်ထဲက သူ့မိန်းမနံမည်နဲ့ထားတဲ့ စီးပွားရေးလုပ်ငန်းတွေကို ထောက်လှမ်းရေးအရှိန်အ၀ါသုံးပြီး လုပ်နေဦး မှာပါ။

အခုတော့ ထောက်လှမ်းရေးခေတ်ပျက်မှ ဒီမိုကရေစီဘက်ကို ခြံခုန်လာတဲ့အောင်လင်းထွဋ်ပါ။ ဒါတောင် ချက်ခြင်းခြံခုန်တာ မဟုတ်ဘူး။ ၂၀၀၄ နှစ်ကုန်ခါနီးမှ ထောက်လှမ်းရေးပျက်တယ်။ ဒါပေမယ့် အောင်လင်းထွဋ်တစ်ယောက် သံမှူးကြီးအဖြစ်နဲ့ ၀ါရှင်တန်မှာ ဆက်နေသေးတယ်။ အဲဒီတုံးက သံအမတ်ကြီးလဲမရှိတော့ အောင်လင်းထွဋ်ဆရာကြီးပေါ့။ ထောက်လှမ်းရေးတပ်ဖွဲ့သစ်ကို ခေါင်းဆောင်တဲ့ ဗိုလ်ချုပ်ကြီးမြင့်ဆွေကို စာတို၊ စာရှည်တွေနဲ့ အစီရင်ခံပြီး အသက်ဆက် နေသေးတာပါ။ တစ်နှစ်လောက်ကြာမှ သူကို တိုင်းပြည်ပြန်လာဖို့ခေါ်ခံရတယ်။ ဒီတော့မှ ငမိုက်သား အောင်လင်းထွဋ် ကိုယ့်လိပ်ပြာ ကိုယ်မလုံဘဲ အမေရိကန်မှာ နိုင်ငံရေး ခိုလှုံခွင့်တောင်းပြီး ဒီမိုကရေစီသူရဲကောင်း လုပ်နေတာပါဗျာ။ စဉ်းစားလိုက်ရင် ဒီကောင် ဘယ်လိုကောင်လဲဆိုတာ သိသာပါတယ်။

လင်ငယ်နေဖူးတဲ့မိန်းမ၊ ခြံခုန်ဖူးတဲ့နွား၊ နောက်ထပ်လင်ငယ်နေဖို့၊ ခြံခုန်ဖို့ ၀န်မလေးဘူးဆိုတာ ကျွန်တော်တို့ အားလုံးသိပြီးသားပဲ။ ထောက်လှမ်းရေးခေတ်ကောင်းတော့ ထောက်လှမ်းရေးလုပ်၊ အခြေအနေမကောင်းတော့ ဒီမိုကရေစီဘက်ပြောင်းပြီးစားတဲ့၊ ယုန်နဲ့အတူပြေး၊ ခွေးနဲ့အတူလိုက်လုပ်တဲ့ အောင်လင်းထွဋ်ကို ရဲဘော်တို့ ဘယ်လောက် ယုံကြည် ရမှာလဲ။

ဒီမိုကရေစီဘက်မှာ အခြေအနေမကောင်းရင် စစ်အစိုးရဘက် ပြေးမကပ်ဘူးလို့ ပြောနိုင်လား။ ဒီမိုကရေစီဘက်ကို ခြံခုန်ကူးလားတော့ စစ်တပ်အကြောင်း ဖောက်သည်ချတဲ့ အောင်လင်းထွဋ်လိုကောင်ဟာ ဒီမိုကရေစီဘက်က အခြေအနေမကောင်းလို့ စစ်တပ်ဘက်ခြံခုန်ကူးရင် ဒီမိုကရေစီလှုပ်ရှားသူတွေအကြောင်း ဖောက်သည်ချဦးမှာပဲ။

အောင်လင်းထွဋ်ဟာ ထောက်လှမ်းရေးထဲမှာ နှစ်ပေါင်းနှစ်ဆယ်ကျော်နေပြီး သင်တန်းအမျိုးမျိုး တက်လာတဲ့ကောင်။ ဒီလိုလူမျိုးက ကေအင်ယူသတင်းရော၊ ပြည်ပက ဒီမိုကရေစီဘက်တော်သားတွေ သတင်းကိုရော ကာယကံရှင်တွေမသိဘဲနဲ့ စုဆောင်းနိုင်တယ်။ ပြီးတော့ သူသာ မြန်မာပြည်ပြန်မယ်ဆိုရင် သူလုပ်ထားတဲ့အပြစ်တွေ ကျေအောင်လို့ အစိုးရကို အလွန်အဖိုးတန်တဲ့ သတင်းတွေပေးဖို့လိုတယ်။ ဒါ့ကြောင်း ကေအင်ယူနဲ့ ဒီမိုကရေစီသမားတွေရဲ့ သတင်းကို သူ့ရဲ့ အနာဂတ် အာမခံချက် အဖြစ်နဲ့ စုဆောင်းထားမှာ အသေအချာပဲ။ ဒါဟာ ဒီမိုကရေစီတော်လှန်ရေးအတွက် အန္တရာယ်ပဲ။ နောက်ပြီး အောင်လင်းထွဋ် ဘက်ပြောင်း လာတာဟာ နအဖအစိုးရရဲ့ အစီအစဉ်နဲ့ တမင်ရည်ရွယ်ပြီး အယုံသွင်းထိုးဖောက်တာ မဟုတ်ဘူးလို့လဲ မပြောနိုင်ဘူး။ မင်းအပြစ်လွတ်ချင်ရင်၊ မင်းစီးပွားရေးလုပ်ငန်းတွေ အသိမ်းမခံချင်ရင် ဒီလိုလုပ်လို့ ပြောရင် အောင်လင်းထွဋ်လိုကောင် က လုပ်မှာပဲ။ ရရင် ဘနဖူး သိုက်တူးမယ့်လူဆိုတာ သူ့သမိုင်းကို ပြန်ကြည့်ရင် တွေ့နိုင်တယ်။

ဒီတော့ အောင်လင်းထွဋ်ကို ဘာလုပ်မလဲ။ ဒီကောင်ကို လက်ခံထားရင်တော့ ဒီမိုကရေစီ သမားတွေရော၊ ကေအင်ယူပါ မြွေပွေးခါးပိုက်ပိုက် ထားသလိုဖြစ်မှာပဲ။ ဒီကောင် မော်လမြိုင်မှာ ထောက်လှမ်းရေး တပ်ဆွယ်မှူးလုပ်တုံးက ကရင်တော်လှန်ရေး သမားတွေ၊ မွန်တော်လှန်ရေး သမားတွေကို ဖမ်းဆီး၊ နှိပ်စက်ခဲ့တယ်။ ရေကြည်အိုင်မှာ ဒီမိုကရေစီအရေးလှုပ်ရှားသူ ကျောင်းသားများစွာကို နှိပ်စက်ခဲ့တယ်။ ဒီလို အဖိနှိပ်ခံ၊ နှိပ်စက်ခံရတဲ့ ရဲဘော်တွေ နယ်စပ်မှာ အများကြီးရှိသေးတယ်။ ဘန်ကောက်မှာ မဲဆောက်မှာ ချင်းမိုင်မှာ ရှိနေသေးတယ်။ ဒီရဲဘော်တွေအတွက် အခုအချိန်ဟာ အောင်လင်းထွဋ်ကို တန်ရာတန်ဖိုး ပြန်ပေးရမယ့် အချိန်ဘဲ။

ဒီတစ်ခါ အောင်လင်းထွဋ် ယိုးဒယားရောက်လာရင် သူနှိပ်စက်တာခံခဲ့ရတဲ့ ရဲဘော်တွေကဖမ်းပြီး ပြည်သူ့ခုံရုံးတင် လူ့အခွင့်အရေး ဖောက်ဖျက်မှု၊ နှိပ်စက်မှုတွေနဲ့ စွဲချက်တင် သတ်ပစ်လိုက်ရင်ကောင်းမယ်။ ဒါမှ ဒီမိုကရေစီတော်လှန်ရေးကို ကာကွယ်ရာလဲရောက်မယ်။ အောင်လင်းထွဋ်လဲ သူစိုက်ခဲ့တဲ့အသီး သူပြန်စားရာရောက်မယ်။ ဖမ်းဖို့အခွင့်မသာရင်လဲ တစ်ယောက်ယောက်က တာဝန်ယူပြီး ဓါးနဲ့ထိုးသတ်၊ သေနတ်နဲ့ ပစ်သတ်၊ ဒါမှမဟုတ် ဒီလို လူမျိုးရဲ့ သွေး မိမိလက်မှာ မစွန်းချင်ဘူး ဆိုရင် ယိုးဒယား လူမိုက်ငှားပြီး သတ်ခိုင်းလိုက်။

လူတစ်ယောက်ကို ကြက်လေးငှက်လေးသတ်သလို သတ်ဖို့ပြောရတာ မကောင်းပါဘူး။ ဒါပေမယ့် အောင်လင်းထွဋ်လို သူ့ကိုအခွင့်အရေး အများကြီးပေးခဲ့တဲ့ စစ်တပ်ကိုတောင် သစ္စာဖောက်ဖို့ ၀န်မလေးတဲ့ ကောင်ဟာ ဒီမိုကရေစီတော်လှန်ရေးကို သစ္စာဖောက်ဖို့ လက်မနှေးဘူးဆိုတာ သတိပြုဖို့လိုတယ်။ ဒါ့ကြောင့်ဒီလိုကောင်ကို သူနဲ့ထိုက်တဲ့လမ်းကို ပို့လိုက်ဖို့ ပြောရတာပါ။ အချိန်မနှောင်းခင် အောင်လင်းထွဋ်ကို အပြတ်ရှင်းသင့်ပြီ။ နောက်ကျသွားရင် ပေးရမယ့် တန်ဖိုးက ကြီးမားလိမ့်မယ်။ တစ်ချိန်တုံးက လက်တွဲခဲ့ဖူးတဲ့ သံယောဇာဉ်နဲ့ တိုက်တွန်းတာပါ။

အောင်လင်းထွဋ်ကို သစ္စာဖောက်တို့ သွားရာလမ်းကို အမြန်ပို့ကြရအောင်။ ပြည်တွင်းကို ပြန်လာရင်တော့ ကျွန်တော်တို့ ဒီလိုလုပ်ဖို့ အသင့်ပဲ။

ဗကသရဲဘော်ဟောင်းတစ်ဦး

 

 
     
     
     
New Page 1

For the best online experience, view this site at 1024 X 768 screen size.
Copyright by myanmarforum.net