|
သစ္စာဖောက်ကို သတိပြုကြ
သစ္စာဖောက်တို့သွားရာလမ်းဆိုတဲ့ ခေါင်းစဉ်နဲ့ သစ္စာဖောက်အောင်လင်းထွဋ် အကြောင်း သတိပေးတဲ့စာကို ပြည်တွင်း၊ ပြည်ပက ဘလော့ဂ်တွေကိုပို့ခဲ့ပါတယ်။ မိမိဘက်ကလူကို အပြစ်ပြောတာမကြိုက်တဲ့ ထုံးစံကြောင့်ထင်ပါရဲ့ ဒီမိုကရေစီဘက်တော်သား ဘလော့ဂ်များက တင်မပေးပဲ အစိုးရဘက်က ကျးစေတမန်က တင်ပေးပါတယ်။ စေတနာအပေါ် သံသယရှိတဲ့အတွက် စိတ်မကောင်းပါ။
ဒါ့ကြောင့် အောင်လင်းထွဋ်နဲ့ပတ်သက်ပြီး စဉ်းစားစရာတွေထပ်တင်ပြလိုက်တာပါ။
အောင်လင်းထွဋ် ဘက်ပြောင်းလာပြီဆိုတာကြားထဲက ကျွန်တော်တို့ ရဲဘော်ဟောင်းတစ်စု သံသယဖြစ်တယ်။ ဒါ့ကြောင့် သူနဲ့ပတ်သက်တာတွေကို တတ်နိုင်သမျှလေ့လာပြီးမှရေးတာပါ။ အခု သိထားတဲ့ အထောက်အထား တွေထပ်ပြောပါဦးမယ်။
အောင်လင်းထွဋ်မိဘတွေက ဦးအေးကျော်၊ ဒေါ်ခင်ကြည်၊ အဖေက အရင် မဆလ မြို့နယ် ကောင်စီဝင်၊ ငွေစာရင်းအရာရှိ။ အရိုးကုန်း၊ တာမွေ အိမ်အမှတ် ၂၆ မှာနေတယ်။ အောင်လင်းထွဋ် မေရိကန်ရောက်သွားတော့ အောင်လင်းထွဋ်စီးပွားရေးလုပ်ငန်းတွေနဲ့ ရွှေဆိုင်၊ ပါတိတ်ဆိုင်နဲ့ ဘီယာဆိုင်ကို မိဘတွေနံမည်နဲ့ထားခဲ့တယ်။ ပရာဒိုတစ်စီး၊ ဖင်ကောက်တစ်စီးထားခဲ့တယ်။ အဲ အောင်လင်းထွဋ် ဘက်ပြောင်းသွားပေမယ့်လဲ အဖေနဲ့ အမေ ဘာမှ မထိခိုက်ဘူး၊ ထောက်လှမ်းရေး တွေပြုတ်ကာစက Doudble Cab လိုင်စင်မဲ့တစ်စီး ပြန်အပ်လိုက်ရတာက လွဲရင် ဘာမှ မဖြစ်ဘူး။ တစ်ခြားထောက်လှမ်းရေးတွေ ပိုင်ဆိုင်သမျှ အသိမ်းခံရချိန်မှာ အောင်လင်းထွဋ် ကံကောင်း တယ် လို့ပဲပြောရမယ်ထင်တယ်။ ဒီလိုပဲ သိပ္ပံလမ်းပေါ်က ဟီးနေအောင်ဆောက်ထားတဲ့ နှစ်ထပ်အိမ်ကြီးလဲ ဒီနေ့အထိ အောင်လင်းထွဋ်နံမည်ပေါက်ပြီး ငှားစားနေတုံးပဲ။ သူ့ဘေးက ထောက်လှမ်းရေးတပ်မှူး ကျော်ဝင်းတို့၊ မိုးသူတို့ကတော့ အိမ်လဲဆုံး၊ လူလဲထောင်ထဲရောက်နေပေါ့။ အောင်လင်းထွဋ် ကံကောင်းပုံကို ရဲဘော်တို့ စဉ်းစားနိုင်ဖို့ပြောတာပါ။ ဘာ့ကြောင့်ကောင်းနေသလဲဆိုတာတော့ ဆင်ခြင်ကြည့်ပေါ့ဗျာ။
နောက်တစ်ခါ အောင်လင်းထွဋ် ယောက္ခမတွေ၊ နံမည်က ဦးလှအောင်၊ ဒေါ်တင်ပု။ မော်လမြိုင် အထက်လမ်းမကြီးမှာနေတယ်။ သူတို့သမီး တင်လေးနွယ် အောင်လင်းထွဋ်နဲ့ မယူခင် တုံးက မိုင်ဒါဈေးမှာ မှောင်ခိုပစ္စည်းရောင်းတယ်။ အောင်လင်းထွဋ်နဲ့ယူပြီးတော့ အောင်လင်းထွဋ် က မော်လမြိုင်ထောက်လှမ်းရေး ၅ ဆိုတော့ သားမက်အရှိန်အ၀ါနဲ့ အထည်ကောက်ရောင်းတဲ့ဘ၀ ကနေ လက်ကြီးသမားဖြစ်သွားတယ်။ သူတို့လဲ အောင်လင်းထွဋ် မိဘတွေလိုပဲ အောင်လင်းထွဋ်မိန်းမ နံမည်နဲ့ ပိုင်ဆိုင်မှုတွေကို ဆက်ပြီးပိုင်နေတယ်။ အရောင်းအ၀ယ်နဲ့ စားသောက်ဆိုင်ဖွင့်ပြီး ဆက်လုပ်နေတယ်။
နောက်ထပ်စဉ်းစားစရာတစ်ချက်ပြောဦးမယ်။ သာမန်အားဖြင့် ကိုယ့်နိုင်ငံက သံတမန် တစ်ယောက် ဘက်ပြောင်းသွားတယ်ဆိုရင် အဲဒီအစိုးရက အိမ်ရှင်နိုင်ငံခြားရေးဝန်ကြီးဌာနကို အဲဒီ ၀န်ထမ်းဟာ သူ့သဘောနဲ့ သူဘက်ပြောင်းတာလား၊ အိမ်ရှင်နိုင်ငံက အကြပ်ကိုင်လို့ ဘက်ပြောင်းတာလား မေးခွင့်ရဖို့ တောင်းဆိုနိုင်တယ်။ သူနဲ့ပါသွားတဲ့ နိုင်ငံပိုင်ပစ္စည်းဆိုတာတွေကို ပြန်ပေးဖို့ တောင်းဆိုနိုင်တယ်။
ဒီလူဘယ်လိုလုပ်သွားတယ်ဆိုတာသိဖို့ သံရုံးမှာကျန်ခဲ့တဲ့လူတွေကို စုံစမ်းစစ်ဆေးမှုတွေလုပ်တယ်။ မိမိတိုင်းပြည်မှာကျန်ခဲ့တဲ့ မိဘဆွေမျိုး တွေကိုခေါ်ယူစစ်ဆေးတယ်။ စစ်အေးကာလတုံးက အရှေ့အုပ်စုက သံတမန်တွေဘက်ပြောင်းရင် ဒီလိုလုပ်တာ စာအုပ်တွေမှာ ပြန်ကြည့်ရင် သိနိုင်တယ်။ အောင်လင်းထွဋ်ကိစ္စမှာ ဒီလိုလုပ်တာမကြားမိဘူး၊ နအဖအစိုးရက မလုပ် တတ်လို့ ၊ သံတမန်လုပ်နည်းတွေမသိလို့ထင်ပါရဲ့။
အခုတော့ ထောက်လှမ်းရေးခေတ်ပျက်မှ ဒီမိုကရေစီဘက်ကို
ခြံခုန်လာတဲ့အောင်လင်းထွဋ်ပါ။ ဒါတောင် ချက်ခြင်းခြံခုန်တာ
မဟုတ်ဘူး။ ၂၀၀၄ နှစ်ကုန်ခါနီးမှ ထောက်လှမ်းရေးပျက်တယ်။ ဒါပေမယ့်
အောင်လင်းထွဋ်တစ်ယောက် သံမှူးကြီးအဖြစ်နဲ့ ၀ါရှင်တန်မှာ
ဆက်နေသေးတယ်။ အဲဒီတုံးက သံအမတ်ကြီးလဲမရှိတော့
အောင်လင်းထွဋ်ဆရာကြီးပေါ့။ ထောက်လှမ်းရေးတပ်ဖွဲ့သစ်ကို
ခေါင်းဆောင်တဲ့ ဗိုလ်ချုပ်ကြီးမြင့်ဆွေကို စာတို၊ စာရှည်တွေနဲ့
အစီရင်ခံပြီး အသက်ဆက် နေသေးတာပါ။ တစ်နှစ်လောက်ကြာမှ သူကို
တိုင်းပြည်ပြန်လာဖို့ခေါ်ခံရတယ်။ ဒီတော့မှ ငမိုက်သား အောင်လင်းထွဋ်
ကိုယ့်လိပ်ပြာ ကိုယ်မလုံဘဲ အမေရိကန်မှာ နိုင်ငံရေး
ခိုလှုံခွင့်တောင်းပြီး ဒီမိုကရေစီသူရဲကောင်း လုပ်နေတာပါဗျာ။
စဉ်းစားလိုက်ရင် ဒီကောင် ဘယ်လိုကောင်လဲဆိုတာ သိသာပါတယ်။
ဒါက ပြည်ပရောက်ရဲဘော်များစဉ်းစားနိုင်အောင်ပြောတာပါ။ ယုံတာ မယုံတာ ခင်ဗျားတို့ သဘောပဲ။ သို့သော် တစ်ခုတော့ အာမခံလိုပါတယ်။ အောင်လင်းထွဋ်ကို ကျွန်တော်တို့ လက်လှမ်း မမှီပေမယ့် သူ့မိဘ၊ ဆွေမျိုးတွေကို ကျွန်တော်တို့လက်လှမ်းမီတယ်။ အောင်လင်းထွဋ်ညီ အောင်ဝင်းထွဋ်၊ သူ့အမ လှဦးမြင့် တို့ဘာလုပ်နေသလဲ။ ယောက်ဖတော် ခင်မောင်ထွန်း၊ ရဲမြင့်၊ မြင့်စန်းတို့ဘာလုပ်နေလဲ ကျွန်တော်တို့ မျက်ခြေမပြတ်ကြည့်နေတယ်။ ရဲဘော်တို့နောက်ကြောကို သူဓားနဲ့ထိုးရင် ရဲဘော်တို့ကိုယ်စား ကျွန်တော်တို့ ဒီအထဲမှာရှင်းပေးမယ်။ ရဲဘော်တို့ တော်လှန်ရေး ရန်ပုံငွေတွေကိုဒီကောင်ခိုးသွားရင် သူ့အဖေဆီက ကျုပ်တို့ပြန်ရအောင်ယူမယ်။ ခင်ဗျားတို့အတွက် လက်တုန့်ပြန်ဖို့ ကျွန်တော်တို့ အသင့်ရှိတယ်ဆိုတာ ယုံစေချင်တယ်။
ဗကသရဲဘော်ဟောင်းတစ်ဦး
|