MyanmarForum
 

မူလစာမျက်နှာ

သတင်းကဏ္ဍ

ဆောင်းပါးကဏ္ဍ

သတင်းထုတ်ပြန်ချက်များ

 အခြားအဖွဲ့များ၏သဘောထား  

ဓာတ်ပုံကဏ္ဍ

အခြားဝက်ဆိုက်များ

သတင်းဘလော့ဂ်များ

 
 

၂၀၀၈ ခုနှစ်၊ မတ်လ၊ ၅ ရက်၊ ဗုဒ္ဓဟူးနေ့

 

 

 

မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
သဘောထားထုတ်ပြန်ကြေညာချက်
ကြေညာချက်အမှတ် (၃/၂၀၀၈)


မြန်မာသက္ကရာဇ် ၁၃၆၉ ခုနှစ်၊ တပိုတွဲလပြည့်နေ့
၂၀၀၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၁) ရက်

  •  ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည့် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ကြေညာ ချက်အမှတ် ၁/၂၀၀၈ အရ လာမည့် မေလတွင် ပြည်သူ လူထု၏ ဆန္ဒမဲဖြင့် ယခုရေးဆွဲပြီးစီးခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို အတည်ပြုပြဌာန်းရမည် ဖြစ်ပါသည်။

  • ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထုမှ အတည်ပြုပြဌာန်းပြီးစီးပါက ဖြစ်ပေါ်လာမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်နှင့်အညီ ၂၀၁၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပပေးကာ ဒီမိုကရေစီ ပြည်သူ့အုပ်ချုပ်ရေးအဖြစ် လွှဲပြောင်းပေးမည်ဟု နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီမှ ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။

  • နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ ကြေညာချက်အမှတ် ၁/၂၀၀၈ ကို ကျွန်ုပ်တို့ အနေဖြင့် ၀မ်းမြောက်ဝမ်းသာကြိုဆို ခဲ့ပြီးဖြစ်ပါသည်။ တနည်းအားဖြင့် ဆိုရသော် တပ်မတော်နှင့် နိုင်ငံရေး သမားများ၊ တိုင်းရင်းသားလူမျိုးစုများအဝေမတည့် ဖြစ်ခဲ့ရသည့် နိုင်ငံရေးအငြင်းပွားမှုများကြားတွင် နှစ်ပေါင်း နှစ်ဆယ်နီးပါး ပါဝင်ဆုံးဖြတ်ခွင့်မရခဲ့ပဲ ကြားကမြေဇာပင် ဘ၀ဖြစ်ခဲ့ရသည့် ပြည်သူလူထုကို တပ်မတော် အစိုးရက ကြေညာချက်အမှတ် ၁/၂၀၀၈ ဖြင့် နိုင်ငံရေးအငြင်းပွားမှုများကို အဆုံးသတ်နိုင်ရန်အတွက် တရားသူကြီးများအဖြစ် လွှဲပြောင်းပေးလိုက်ခြင်းပင်ဖြစ်ပါသည်။

  • ပြည်သူလူထု၏ ဒီမိုကရေစီမူအရ အတည်ပြုဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံအတွင်းရှိ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အင်အားစု၊ မည်သည့် အဖွဲ့အစည်းမဆို လေးစားလိုက်နာ နာခံရမည်ဖြစ်ပါသည်။

  • ၅။ ပြည်သူလူထု၏ ဆုံးဖြတ်ချက်ကိုအထင်သေးကာ မယုံကြည်လက်မခံလိုသော ဖြစ်ချင်သည့် ဆန္ဒများ ကိုသာ ရှေ့တန်းတင်နေကြသည့် ဒီမိုကရေစီအရေခြုံ အင်အားစုများက ကပျက်ယပျက်လုပ်၍ မစားရသည့် အမဲ သဲနှင့်ပက်ကာ ကြေညာချက်အမှတ် ၁/၂၀၀၈ ကို ၀ိုင်းဝန်း ထိုးနှက်တိုက်ခိုက်ခြင်းမှာ ပြည်သူလူထု၏ အခန်းကဏ္ဍကိုစော်ကား ဖျက်စီးခြင်းသာလျှင် ဖြစ်သည့်အတွက် ပြင်းထန်စွာ ရှုံ့ချလိုက်ပါသည်။

 
     
   

ရှေ့သို့  

     
New Page 1

For the best online experience, view this site at 1024 X 768 screen size.
Copyright by myanmarforum.net