MyanmarForum
 

မူလစာမျက်နှာ

သတင်းကဏ္ဍ

ဆောင်းပါးကဏ္ဍ

သတင်းထုတ်ပြန်ချက်များ

 အခြားအဖွဲ့များ၏သဘောထား  

ဓာတ်ပုံကဏ္ဍ

အခြားဝက်ဆိုက်များ

သတင်းဘလော့ဂ်များ

 
 

၂၀၀၈ ခုနှစ်၊ မတ်လ၊ ၅ ရက်၊ ဗုဒ္ဓဟူးနေ့

 

 

 

ခေတ်သစ်သိပံ္ပနိုင်ငံရေးဘောဂဗေဒလေ့လာရေးကျောင်းတော်သားစု
Modern Scientific Political Economy Study Group
အခန်း (၁၀၁)၊ တိုက် (၁၀၈)၊ ဟံသာရိပ်မွန်အိမ်ရာ၊ (၅)ရပ်ကွက်၊ ဘုရားလမ်း၊ ကမာရွတ်မြို့နယ်၊

ရန်ကုန်မြို့၊ ဖုန်း- ၅၀၄၈၈၂

စာအမှတ် - ခဘစ (စမ - ၁၀ / ၁၂) ၊ ၂၀၀၈
ရက်စွဲ- ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၁၂)ရက်

ဗဟိုဦးစီးအဖွဲ့၏ ၂၀၀၈ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်တွင် ကျရောက်သော (၆၁)ကြိမ်မြောက် ပြည်ထောင်စုနေ့ ထုတ်ပြန်ချက်

  • လွတ်လပ်ရေးကြိုးပမ်းမှုနောက်ဆုံးကာလဖြစ်သည့် ၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် စတင်ပေါ်ပေါက်လာခဲ့သော ပြည်ထောင် စုနေ့သည် ပြည်ထောင်စုဖွားတိုင်းရင်းသားပြည်သူတစ်ရပ်လုံး အေးအတူပူအမျှ ဆိုးတူကောင်းဖက် ဥမကွဲသိုက်မပျက် ထာဝရနေထိုင် သွားရန်အတွက် နယ်ချဲ့သမားတို့၏ နည်းပေါင်းစုံသွေးခွဲသပ်လျှိုမှုများကို ပြည်ထောင်စုဖွားတိုင်းရင်းသားပြည်သူတစ်ရပ်လုံးစည်းလုံး ညီညွတ်စွာ ဆန့်ကျင်ကာကွယ်တိုက်ဖျက်ပြီး လွတ်လပ်ရေးကို ပြန်လည်ရယူသွားရန် တစ်ခဲနက် အဓိဌာန်ပြုခဲ့သော နေ့ထူးနေ့မြတ် ဖြစ်ပါ သည်။

  • ယခုကဲ့သို့ ပြည်ထောင်စုမြန်မာနိုင်ငံရယ်လို့ ကမ္ဘာ့အလယ်မှာ ၀င့်ထည်စွာ အောင်လံထူရပ်တည်လာ နိုင်ခြင်းမှာ ပြည်ထောင်စုဖွားတိုင်း ရင်းသားပြည်သူများက ပြည်ထောင်စုကြီးကို အသက်ပေး၍ လက်တွဲ ကာကွယ်လာခဲ့ကြ၍ ဖြစ်ပါသည်။

  • ယနေ့ မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံတော်သစ်ကို အပြောမဟုတ်၊ အလုပ်နှင့် လက်တွေ့ထူထောင် နေချိန်ဖြစ်ပါသည်။ ထိုသို့ ဒီမိုက ရေစီနိုင်ငံတော်သစ် အနှစ်သာရရှိစွာ ဖြစ်ပေါ်လာရေးအတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေးကုန်ထုတ်စွမ်းအားစုများ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူ တို့ လူနေမှုအဆင့်အတန်းမြင့်မားရေး အသိအလိမ္မာÓဏ်ပညာအဆင့်အတန်းမြင့်မားရေးကို မဖြစ်မနေ ကြိုးပမ်းသွားရမည် ဖြစ်ပါသည်။

  • ယခုအခါ မြန်မာနိုင်ငံသည် အစိုးရအဆက်ဆက်ကို နှစ်ရှည်ကြာစွာ ဆန့်ကျင်လာခဲ့သော လူမျိုးစု တောတွင်းလက်နက်ကိုင်အဖွဲ့ (၁၇)ဖွဲ့တို့ ဥပဒေဘောာင်အတွင်းသို့ ၀င်ရောက်လက်တွဲလာကြသဖြင့် တည်ငြိမ်အေးချမ်းလာနေပြီဖြစ်သည်။ စီးပွားရေးကုန်ထုတ်စွမ်းအား စုများဖွံ့ဖြိုးပြီး ပြည်သူတို့လူနေမှု အဆင့်အတန်းမြင့်မားလာစေရန် ပြည်ထောင်စုတစ်နံတစ်လျားတွင် ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လာနိုင်ပြီဖြစ်သည်။ ပြည်သူတို့ အသိအလိမ္မာÓဏ်ပညာမြင့်မားရေးနှင့် အထူးသဖြင့် ကျေးလက်ပြည်သူတို့ ပညာဗဟုသုတ ပြည့်ဝလာရေးအတွက်လည်း အင်တိုက်အားတိုက် ဆောင်ရွက်နေပြီဖြစ်ပါသည်။ ထိုသို့ နိုင်ငံထူထောင်ရေးလုပ်ငန်းများတွင် ပြည်ထောင်စု ဖွားတိုင်းရင်းသားပြည်သူတို့ ပါဝင်ကြိုးပမ်းလာသဖြင့် ယနေ့ ပြည်ထောင်စုကြီး ယခင်နှင့်မတူအောင် ပြောင်းလဲတိုးတက်လာခဲ့သည် မှာ အမှန်ပင်ဖြစ်ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံတို့၏ မဖွံ့ဖြိုးသေးမှုအပေါ် လူ့အခွင့်အရေးဖောက်ဖျက်သည်ဟု စွပ်စွဲမှုသည်စာနာမှုခေါင်းပါးသော လုပ်ရပ်သာဖြစ်သည်။

  • ထို့ကြောင့် အနာဂတ်နိုင်ငံတော်ကိုလည်း (က) နိုင်ငံတော်သည် တိုင်းရင်းသားများ၏ စကားစာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုး တက်စေရန် တူညီဆောင်ရွက်မည်။ (ခ) နိုင်ငံတော်သည် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ကို တိုးတက်ဖြစ်ထွန်းစေရန် ကူညီဆောင်ရွက်မည်။ (ဂ) နိုင်ငံတော်သည် တိုးတက်ဖွံ့ဖြိုးမှုနည်းပါးနေသည့် တိုင်းရင်း သားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးစသည်တို့ ပါဝင်သော လူမှုစီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် ကူညီဆောင်ရွက်မည်ဆိုသည့် အခြေခံရမည့် မူများနှင့် ပုံဖော်နေပြီဖြစ်ပါသည်။

  • ယခုအခါ ဖော်ပြပါ နိုင်ငံတော်အခြေခံဥပဒေမူကြမ်းကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီး ပြုလုပ်အတည်ပြုရန်နှင့် ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲကြီး ကျင်းပသွားရန် အချိန်ကာလများကိုလည်း နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ကြေညာချက် အမှတ် ၁/၂၀၀၈ နှင့် ၂/၂၀၀၈တို့ဖြင့် အတိအလင်းထုတ်ပြန်ကြေညာထားပြီးဖြစ်သဖြင့် ပြည်ထောင်စုဖွားတိုင်းရင်းသား ပြည်သူ တစ်ရပ် လုံး ထောက်ခံကြိုဆို အကောင်အထည်ဖော်သွားရမည့် အချိန်အခါဖြစ်ပါသည်။

  • သို့သော်လည်း ပြည်ပနိုင်ငံကြီးအချို့နှင့် အပေါင်းအပါများက မြန်မာနိုင်ငံအပေါ် သြဇာခံပြုနိုင်ရေးအတွက် စီးပွားရေးပိတ်ဆို့အရေးယူရုံ သာမက ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ လူ့အခွင့်အရေးကောင်စီ၊ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် စသည်တို့ကို အသုံးချ၍ နည်းပေါင်းစုံ အကြပ်ကိုင်ဖိအားပေးလျက် ရှိပါသည်။ ပြည်ထောင်စုဖွားတိုင်းရင်းသား အချင်းချင်းဖြစ်သော တည်ဆဲတပ်မတော်အစိုးရနှင့် နိုင်ငံရေး ပါတီအဖွဲ့အစည်းများကြားတွင်လည်းကောင်း၊ တိုင်းရင်းသားများကြားတွင်လည်းကောင်း၊ သပ်လျှို သွေးထိုးမှုများကိုလည်း ပြုလုပ်လျက်ရှိ ပေသည်။ ပြည်တွင်းနိုင်ငံရေးပါတီအချို့နှင့် အပေါင်းပါတို့ကလည်း ပြည်ပနိုင်ငံကြီးများ အလိုကျ ထိပ်တိုက်ရင်ဆိုင်ဆန့်ကျင်ရေး၊ မစေ့စပ် ရေးလမ်းစဉ်ကို ကိုင်စွဲ ရပ်တည်နေဆဲဖြစ်သည်။ အထူးသဖြင့် ယခုကဲ့သို့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အမျိုးသား သင့်မြတ် စည်းလုံးရေးအတွက် တွေ့ဆုံဆွေးနွေးနေချိန်တွင် အဆိုးဆုံးအခြေအနေများ ဖြစ်ပေါ်လာစေရန်လှုံ့ဆော်နေခြင်းသည် ပြည်ထောင်စုကို အန္တရာယ် ကြုံလာစေနိုင်ပါသည်။

  • ထို့ကြောင့် ပြည်ပစွက်ဖက်မှုကို အကြောင်းပြု၍ ပေါ်ပေါက်လာနေသော ပြည်ထောင်စုအန္တရာယ် မှန်သမျှကို ပြည်ထောင်စုဖွားတိုင်း ရင်းသား ဖိုခနောင်ဆိုင် အင်အားစုကြီးသုံးရပ်ဖြစ်သော ပြည်သူလူထုကြီးရယ်၊ တပ်မတော် ( တပ်မတော်အစိုးရ)ရယ်၊ နိုင်ငံရေးပါတီအဖွဲ့ အစည်းများနှင့် အမျိုးသားနိုင်ငံရေးအင်အားစုများရယ်တို့ ပြည်ထောင်စုနေ့ကပေးအပ်သော ခိုင်မြဲသည့် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် တစ်စိတ်တစ်ဝမ်းတည်း လက်တွဲကာကွယ်ပြီး ဒီမိုကရေစီနိုင်ငံတော်သစ် ငြိမ်းချမ်းစွာ ဖြစ်ပေါ်လာရေးအတွက် မပျက်မကွက် ကြိုးပမ်းသွား ကြပါရန် ထုတ်ပြန်တိုက်တွန်းလိုက်ရပါသည်။

 
     
   

ရှေ့သို့  

     
New Page 1

For the best online experience, view this site at 1024 X 768 screen size.
Copyright by myanmarforum.net