MyanmarForum
 

မူလစာမျက်နှာ

သတင်းကဏ္ဍ

ဆောင်းပါးကဏ္ဍ

သတင်းထုတ်ပြန်ချက်များ

 အခြားအဖွဲ့များ၏သဘောထား  

ဓာတ်ပုံကဏ္ဍ

အခြားဝက်ဆိုက်များ

သတင်းဘလော့ဂ်များ

 
 

၂၀၀၈ ခုနှစ်၊ မတ်လ၊ ၁၀ ရက်၊ တနင်္လာနေ့

 

 

 

ကုလသမဂ္ဂအထွေထွေအတွင်းချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ်အဖွဲ့နှင့် တိုင်းရင်းသားအဖွဲ့အစည်း၊ နိုင်ငံရေး
ပါတီများနှင့် လူမှုရေးအသင်းအဖွဲ့တို့မှ တာဝန်ရှိ
ပုဂ္ဂိုလ်များနှင့်တွေ့ဆုံ

 

 ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဂမ်ဘာရီနှင့်အဖွဲ့သည် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ ဦးအောင်ခမ်း ထီ ခေါင်းဆောင်သောအဖွဲ့နှင့် ယနေ့နံနက် ၁၀ နာရီတွင်လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအောင်ရွှေခေါင်းဆောင်သောအဖွဲ့နှင့် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင်လည်းကောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးခင်မောင်ကြီး ခေါင်းဆောင်သောအဖွဲ့နှင့် နံနက် 11 နာရီခွဲတွင်လည်းကောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးဇော်မင်း၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းတို့နှင့် မွန်းလွဲ ၂ နာရီခွဲတွင်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ညနေ ၄ နာရီ ၁၅ မိနစ်တွင်လည်းကောင်း ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာဧည့်ဂေဟာ၌တွေ့ဆုံသည်။
               ညပိုင်းတွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်အဖွဲ့ဝင် ဦးသောင်းညွန့်က မစ္စတာ ဂမ်ဘာရီအား မြရိပ်ညိုရွိုင်ရယ်ဟိုတယ်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

 

 
     
     
     
New Page 1

For the best online experience, view this site at 1024 X 768 screen size.
Copyright by myanmarforum.net