MyanmarForum
 

မူလစာမျက်နှာ

သတင်းကဏ္ဍ

ဆောင်းပါးကဏ္ဍ

သတင်းထုတ်ပြန်ချက်များ

 အခြားအဖွဲ့များ၏သဘောထား  

ဓာတ်ပုံကဏ္ဍ

အခြားဝက်ဆိုက်များ

သတင်းဘလော့ဂ်များ

 
 

၂၀၀၈ ခုနှစ်၊ မတ်လ၊ ၅ ရက်၊ ဗုဒ္ဓဟူးနေ့

 

 

 

ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအင်အားစုများ
၁/၂၀၀၈ နှင့် ၂/၂၀၀၈ ထုတ်ပြန်ကြေညာချက်အား ကြိုဆိုထောက်ခံခြင်း

နေ့စွဲ။ ၂၀၀၈-ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်

  • နိုင်ငံတော်အစိုးရမှ (၉-၂-၂၀၀၈) ရက်နေ့တွင် ၁/၂၀၀၈ နှင့် ၂/၂၀၀၈ ဖြင့် မေလတွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ (၂၀၁၀) ခုနှစ် တွင် ရွေးကောက်ပွဲကျင်းပမည်ဟု ထုတ်ပြန်ကြေညာခဲ့ပါသည်။

  • မြန်မာနိုင်ငံရှေ့ဆက်သွားမည့်မူဝါဒလမ်းစဉ် (၇)ရပ် ဖော်ဆောင်ရာတွင် ပထမအဆင့်-အမျိုးသားညီလာခံ ပြန်လည်ကျင်းပခြင်း၊ ဒုတိယ အဆင့်-အခြေခံမူများနှင့် အသေးစိတ်အခြေခံရမည့်မူများချမှတ်ခြင်း၊ တတိယအဆင့်-ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခြင်းများ အောင်မြင်ပြီး နောက် စတုတ္ထအဆင့်-ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် ပဉ္စမအဆင့်-ရွေးကောက်ပွဲကျင်းပရန် အချိန်ဇယားကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပါ သည်။

  • ၁/၂၀၀၈ နှင့် ၂/၂၀၀၈ အဆင့် (၂) ဆင့်သည် မြန်မာ့အနာဂတ်အတွက် ပြည်သူများမှ ကိုယ်တိုင်ပါဝင် သုံးသပ်၍ အဆုံးအဖြတ်ပေးရမည့် အခန်းကဏ္ဍဖြစ်ပါသည်။ ဤအဆင့် (၂)ဆင့်လွန်မြောက်လျှင် ဆဌမဆင့်- လွှတ်တော်ခေါ်ယူခြင်းနှင့် သတ္တမအဆင့်- အစိုးရဖွဲ့စည်း၍ ပါတီစုံ ဒီမိုကရေစီအုပ်ချုပ်ရေးသို့ သိမ်မွေ့စွာ အသွင်ကူးပြောင်းနိုင်တော့မည့်ဖြစ်ပါသည်။

  • မူဝါဒလမ်းစဉ် (၇)ရပ်အောင်မြင်ရေးသည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူသော မဏ္ဍိုင်ကြီး (၃)ရပ်ကို ဟန်ချက်ညီစွာ အပြန်အလှန်ထိန်းကျောင်းမည့် စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ပေါ်ထွန်းလာစေရန် အခြေခံအုတ်မြစ်ချခင်းပေးလိုက်ခြင်းပင်ဖြစ် သည်။

  • ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအင်အားစုများသည် လမ်းစဉ် (၇)ရပ်အောင်မြင်သည်အထိ ကျရာအခန်းမှ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ဤ ၁/၂၀၀၈ နှင့် ၂/၂၀၀၈ ထုတ်ပြန် ကြေညာချက်အား အလေးအနက်ကြိုဆိုထောက်ခံပါသည်။ ပြည်သူ များမှလည်း တခဲနက်ကြိုဆိုထောက်ခံကြပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။
    ပူးတွဲလုပ်ငန်းကော်မတီ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအင်အားစုများ

    • ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး တသီးပုဂ္ဂလကိုယ်စားလှယ်များအဖွဲ့

    • ခေတ်သစ်သိပ္ပံနိုင်ငံရေးဘောဂဗေဒလေ့လာရေးကျောင်းတော်သားစု

    • အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး သုတေသနနှင့် တိုးချဲ့ထုတ်လုပ်ရေး ကျောင်း တော်သားစု

    • ၀ံသာနု NLD (ပြည်ထောင်စုမြန်မာနိုင်ငံ)

    • အမျိုးသားနိုင်ငံရေးလူငယ် NLD (မြန်မာနိုင်ငံ)

    • ဒီမို NLD (စစ်ကိုင်းတိုင်း)

    • နိုင်ငံရေးဘောဂဗေဒလေ့လာရေးမျိုးဆက်သစ်ကျောင်းတော်သားစု

 
     
   

ရှေ့သို့  

     
New Page 1

For the best online experience, view this site at 1024 X 768 screen size.
Copyright by myanmarforum.net